Part _1

201 17 0
                                    

Unicode

..Sky Pravite High School..

၉တန်းဒုတိယနှစ်ဝက်

မနက်ခင်းငှက်ကလေးတွေရဲ့တေးဆိုသံ..ဆောင်းဝင်ကာစမလို့ဆောင်းလေအေးလေးတွေတိုက်တော့အေးပေမယ့်အနေမခက်ဘဲစိတ်ကိုလန်းဆန်းစေသလိုပင်ဒီနေ့ဟာသာယာပြီးနေလို့ကောင်းတဲ့နေ့လေးထင်ပါသည်...ထိုလူနဲ့မတွေ့ခင်အချိန်ထိပေါ့

"ကဲအားလုံးဘဲဒီနေ့အတန်းထဲကိုကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်..သားကိုယ့်ကိုကိုယ်မိတ်ဆက်ပါဦး"

"ရွက်လှေ ....
ကျွန်တော့နာမည်က ရွက်လှေပါဗျ"

အသံကတည်ငြိမ်ပြီးပြတ်သားသည်မျက်နှာမှာတော့ချိုချိုသာသာအပြုံးလေးပြုံးထားတာဖြစ်သည်။

အတန်းထဲကနှာဘူးတစ်သိုက်👇🏻

*ဟယ်အသံလေးကတည်ငြိမ်နေရောပဲ

* ရွက်လှေတဲ့စီးချင်စရာ‌ေလးအဲ‌ေလမှားလိုချစ်စရာ‌ေလးဟီး

*ခုချိန်ကစပြီးငါ့crushအသစ်ကရွက်‌ေလှဖြစ်သွားပြီ..ဗက်ဟက်ဟက်

*ဟယ်ငါ့ကိုပြုံးပြနေတယ်ကြည့်ဇမ်း ငါ့ကိုကြိုက်နာထင်တယ် ခိခိ

ရွက်လှေမိတ်ဆက်စကားဆိုအပြီးအတန်းထဲမှာဟိုတစ်ပေါက်ဒီတစ်ပေါက်နဲ့ဆူချင်လာသည်

ဆင့်သွေးသူ့ကိုခနလောက်တော့ကြည့်နေမိသည်။ကော်လံshirtလက်ရှည်နဲ့ကျောင်းစိမ်းပုဆိုးကိုကျောင်းသားပြီပြီသေသေသပ်သပ်လေးဝတ်ထားပြီးဘယ်ဘက်လက်မှာနာရီအနက်ရောင်လေးပတ်ထားကာဖိနပ်ကတော့ကတ်တီပါအနက်ရောင်အပါးလေးနဲ့ကျောပိုးအိတ်နတ်ပြာရောင်လေးလွယ်ထားတာဖြစ်သည်။

ဆင့်သွေးသူ့ကိုကြည့်ရင်းရုတ်တရက်အကြည့်ချင်းဆုံသွားတော့သူ့ရဲ့မျက်လုံးတွေမှိတ်သည်အထိဆင့်သွေးကိုထပ်ပြုံးပြသည်ဆင့်သွေးလဲမျက်စိအမြန်လွှဲလိုက်ပြီးရေှ့မှာချထားတဲ့စာအုပ်ကိုကောက်ယူကြည့်လိုက်သည်

"သားရွက်လှေဟိုနားကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်"

"ဟုတ်ကဲ့ဆရာမ"

"သားဆင့်သွေး"

"ခင်ဗျ"

"သားကကျောင်းသားဟောင်းဆိုတော့သူင်ချင်းကိုစောင့်‌‌ေရှာက်ပေးလိုက်ဦးနော်"

No More Friend More Than Friend (Ongoing)Where stories live. Discover now