Part_8

51 7 0
                                    

Unicode

_____ʕ·ᴥ·ʔ____

"အားဘာစာတွေလဲမသိဘူးကွာ
ခက်လိုက်တာ ဟင့်"

"လုပ်ကျက်မြန်မြန် ပျင်းမနေနဲ့ ဒါပြီးတခြားဟာတွေလုပ်ရဦးမှာ"

"ဆင့်သွေးရယ်ခနလောက်နားရအောင်လေနော် ပြီးမှဆက်လုပ်ရအောင် နော် နော်"

"မရဘူး အချိန်တွေနှမြောဖို့ကောင်းတယ် ဒါလေးအရင်ရအောင်လုပ်ဦး ပြီးရင်နားခိုင်းမယ်"

"တော်ပြီ မလုပ်ချင်တော့ဘူး ငါရူးတော့မယ် ဗြဲ..."

ရုတ်တရက်ကြီးကလေးတစ်ယောက်လိုငိုချလာတဲ့ရွက်လှေကြောင့်ဆင့်သွေးရီချင်လာသည်

ဟုတ်ပါတယ်ဒါရွက်လှေပါ ဆင့်သွေးရွက်လှေနဲ့သူငယ်ချင်းဖြစ်လာတာ၁နှစ်လောက်ပဲရှိသေးပေမဲ့ ထိုခနလေးအတွင်းသူတို့မိဘတွေအချင်းချင်းအရမ်းရင်းနှီးသလိုသူတို့နှစ်ယောက်လဲအတော်ရင်းနှီးလာခဲ့ပါတယ် ရွက်လှေက သူများတွေရှေ့မှာတော့သန်မာတဲ့ကောင်လေးတစ်ယောက်ပေမဲ့ ဆင့်သွေးရှေ့မှာဆိုအမြဲကလေးတစ်ယောက်လိုပင် သူဖြစ်ချင်တာမဖြစ်ရရင်ငိုတတ်တဲ့အကျင့်ရှိသည်။ဒါလဲဆင့်‌ေသွးနဲ့မှပင်၊သူများနဲ့ဆိုသူလိုချင်တာကိုမရရင်အမြဲလက်ပါသည်၊ဆင့်သွေးရှေ့မှာပထမဆုံးငိုတဲ့အခေါက်ကဆို ဆင့်သွေးတကယ်လန့်သွားရသည် ဆင့်သွေးကသူ့ကိုဆူရုံလေးပဲဆူမိခဲ့လိုက်တာ သူကအာပြဲကြီးနဲ့အော်ငိုပါလေရော အဲ့တုန်းကလဲအငိုတိတ်အောင်ဆင့်သွေးကပဲပြန်ချော့လိုက်ရသေးသည်
တကယ်ပါရွက်လှေက အရမ်းအသဲနုတဲ့ကလေးတစ်ယောက်ပါပင် ရွက်လှေကဆိုဆင့်သွေးကိုအရမ်းကပ်သည် ဘယ်သွားသွားသူတို့နှစ်ယောက်ကတပူးတတွဲပင် ထို့ကြောင်‌့ကျောင်းကကောင်မလေးများကသူတို့ကိုအချင်းချင်းshipပေးလာကြသည် သူတို့နှစ်ယောက်ကိုစာဂျပိုးအတွဲလို့လဲတစ်ချို့ကခေါ်ကြသည်
ဆင့်သွေးဒီကိစ်စတွေသိပေမယ့်လဲ ဘာမှမပြောပါ ဆင့်သွေးဒီလိုshipခံရတာကိုသဘောကျသည် ဘာလို့လဲဆိုတော့သူနဲ့shipတဲ့သူကရွက်လှေမလို့ပေ တခြားသူနဲ့သာဆိုဆင့်သွေးအမြန်ဆုံးဖြေရှင်းပြီးလောက်ပြီ
ရွက်လှေလဲဒီကိစ်စကိုစိတ်မခုပါသူလဲသဘောကျတယ်လို့ပြောတာကြားဖူးသည်

No More Friend More Than Friend (Ongoing)Where stories live. Discover now