Part_12

76 7 0
                                    

Unicode

ဒေါက် ဒေါက် ဒေါက်

"သားငယ် ရွက်လှေ
ထတော့လေ ဒီနေ့အောင်စာ‌ရင်းထွက်တာ ကြည့်ပါဦး"

ဒေါ်သော်တာရဲ့အော်နှိုးသံကြောင့်ရွက်လှေနိုးလာတော့သည်

"ဟုတ် မေမေဟုတ်ကဲ့"

"အေးအေးပြီးရင်အောက်ဆင်းခဲ့နော်"

ဒေါ်သော်တာလဲသားငယ်ဖြစ်သူကိုနှိုးပြီးအောက်ကိုပြန်ဆင်းသွားသည်

"Today I don't feel like doing anything
I just wanna lay in my bed
Don't feel like picking up my phone"

"ဟယ်လို ‌ဆင့်သွေး"

"အေး ခုမှနိုးတာလား
အောင်စာရင်းမကြည့်ရသေးဘူးလား"

"ဟင့်အင်း မင်းကြည့်ပြီးပြီလား"

"ငါလဲခုမှကြည့်ပြီးတာ"

"ဟုတ်လားအခြေနေဘယ်လိုလဲ"

"ကိုယ့်ဘာသာကိုယ်ကြည့်လိုက်
ငါရေသွားချိုးလိုက်ဦးမယ်"

"အေး အေး ပြီးရင်ငါလာခဲ့မယ်
ဘိုင်း"

တူတူတူ

ဖုန်းကျသွားတာနဲ့ရွက်လှေလဲအောင်းစာရင်းထဲမှသူနဲ့ဆင့်သွေးရဲ့နာမည်ကိုလိုက်ရှာမိသည်

"ဟော တွေ့ပြီ"

အောင်စာရင်းကိုသေခြာကြည့်ပြီးမှသူတို့နှစ်ယောက်လုံး၅ဘာသာဂုဏ်ထူးထွက်တာအတည်ပြုလိုက်သည်

"အင်းမဆိုးပါဘူး ဂုဏ်ပြု‌ပွဲလေးဘာလေးလုပ်သင့်တာပေါ့"

ရွက်လှေရေချိုးပြီးအောက်ထပ်ကိုဆင်းသွားတာနဲ့

ဖောင်း ဖောင်း ဖောင်း ရေးး

"Congratulationsပါ"

မမ၊မေမေနဲ့ဖေဖေကတော့ သူကိုဝိုင်းပြီးဂုဏ်ပြပေးနေကြပါပြီ

"ငါ့သား မင်းဆယ်တန်းလဲအောင်ပြီဂုဏ်ထူးတွေလဲပါတယ်မင်းဘာလို့ဖို့စဉ်းစားထားလဲသား"

"ကျွန်တော်ဘာမှလုပ်ဖို့စဉ်းစားမထားပါဘူးဖေဖေ"

"ဟေ"

ရွက်လှေရဲ့အပြောကြောင့်ဦးမုတ်သုန်လေမှာ‌'ဟေ'ခနဲပင်ရီရခက်ငိုရခက်

"ကျွန်တော်နောက်တာပါဖေဖေ"

"ကဲပါဒီအကြောင်းကနောက်မှဆွေးနွေးကြပါ ကဲလာအခုမနက်စာစားကြမယ်"

You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

No More Friend More Than Friend (Ongoing)Where stories live. Discover now