Part_3

89 12 0
                                    

Unicode

မိနစ်အနည်းငယ်ကြာသော်
..............................
..............................

"ဆင့်သွေးမင်းတော်ပြီလား"

"အင်း ငါဗိုက်ဝနေပြီ
မင်းမဝသေးရင်ထပ်မှာစားလေ"

"တော်ပြီငါလည်းဗိုက်ဝနေပြီ
ဒီ‌ဆိုင်ကအပြင်အဆင်လဲကောင်းသလိုအစားအသောက်လဲစားလို့ကောင်းတာ်နော်"

"အင်းဟုတ်တယ်နော်"

"ဗိုက်ထဲအစာတွေရောက်လို့အားပြည့်ပီဆိုတော့ငါတို့သွားရအောင်"

"ဟင် ဘယ်ကိုလည်း"

ရွက်လှေလဲ "လာငါနဲ့လိုက်ခဲ့"ဆိုပြီးဆင့်သွေးလက်ကိုဆွဲပြီးခေါ်သွားတော့တယ် ဆင့်သွေးလည်းငြင်းချိန်တောင်မရ ရွက်လှေ ခေါ်ရာနောက်သို့လိုက်လာခဲ့ရတော့တယ်

တစ်နေရာအရောက်မှာတော့

"ဒီဟာဆော့ရအောင်"

ရွက်လှေ ရဲ့ဦးတည်ရာကရောက်ခဲ့ပြီဖြစ်သော်လည်းနဂိုကအတင်းဆွဲ၍ခေါ်လာခဲ့‌ေသာတခြားသူ၏လက်တစ်ဖက်ကိုတော့လွှတ်ပေးခြင်းမပြုသေးပေ။

ဆင့်သွေးကြည့်ကြည့်လိုက်တော့သူဆော့မယ်ဆိုတဲ့ကစားနည်းကပူဖောင်းလေးတွေကိုမြားနဲ့ပစ်ပြီးဖောက်ပြီးကစားရတာပါ

ဆင့်သွေးပြံုးမိသွားပြီး
တစ်ပါးသူရဲ့နွေးထွေးလှတဲ့လက်ဖဝါးထဲမှသူ့ရဲ့လက်လေးကိုရုန်းထွက်လိုက်ပြီးလက်ပိုက်ဟန်အနေအထားဖြင့်

"မင်းကလေ လူကသာ၉တန်းရောက်နေတာစိတ်ကမူကြိုကလေးစိတ်နဲ့ ‌ေဆာ့ချင် တဲ့ဂိမ်းကလဲ ဘာတဲ့balloon dartsတဲ့လား အဟက်"

ရွက်လှေကဆင့်သွေးပြောတာကို‌သဘောတူသလိုခေါင်းငြိမ့်လိုက်ပြီး

"အင်းဟုတ်တယ် ဒါကကလေးတွေဆော့တဲ့ဂိမ်း ဒီကလေးတွေဆော့တဲ့ဂိမ်းကိုမင်းနဲ့ငါနဲ့ပြိုင်ဆော့ကြရအောင်"

"ဘယ်လို ငါကမင်းနဲ့ဒီလိုကလေးဂိမ်းကြီးကိုပြိုင်ဆော့ရမှာလား မင်းမှာဒီ့ထက်ခက်တဲ့စိန်ခေါ်မှုတွေရှိဦးမှာပါရွက်လှေရာဒါကြီးတော့မလုပ်စမ်းနဲ့"

ရွက်လှေ ကမသိမသာတစ်ချက်ပြံုးလိုက်ပြီး

"ဘာလဲမင်းကငါ့ကိုရှုံးမှာကြောက်နေလို့လား"

No More Friend More Than Friend (Ongoing)Wo Geschichten leben. Entdecke jetzt