Part_4

65 10 0
                                    

Unicode

🌙1:18Am🌙
............................

ညဘက်ကြီး ရွက်လှေ တစ်ယောက်အိပ်မပျော်၍အပြင်သို့ထွက်ခဲ့သည်။

"အား...ဒီညဘယ်လိုဖြစ်လို့အိပ်မရပါလေ့နော်"

ကောင်းကင်ပေါ်တွင်ကြယ်လေးတွေမှိတ်တုပ်မှိတ်တုပ်ဖြင့်လက်နေသည်လမင်းကြီးကလည်းထိန်ထိန်သာလျက်ရွက်လှေတစ်ယောက်ကောင်းကင်ကြီးကိုကြည့်ရင်းသေးပေါက်ချင်စိတ်ဖြစ်လာခဲ့သည်

"ဒီညအေးလို့ထင်တာ သေးတောင်ပေါက်ချင်လာပြီ"

ရွက်လှေသေးပေါက်ဖို့ရာအတွက်အိမ်သာသို့သွားခဲ့သည် အိမ်သာကိုရောက်တော့သေးပေါက်ပြီးပြန်ထွက်မယ်ကြံတော့
'ဟင့် ဟင့်' ရှိုက်သံတစ်ချို့ကိုကြားလိုက်မိသည်
ရွက်လှေကြက်သီးတွေပင်ထလာခဲ့သည်

"ဘာသံလဲဟ သရဲခြောက်တာလား အသံကဟိုဘက်ကနားကလာနေတာပဲ"

ရွက်လှေအနားကိုတိုးသွားကြည့်လေ ရှိုက်သံယဲ့ယဲ့လေးကတုန်ရီရီဖြင့်ပိုကျယ်လာလေဖြစ်သည် ရွက်လှေ လဲကြောက်ပေမဲ့ဘာလဲဆိုတာသိချင်သဖြင့်အသံလာရာလို့ထင်ရတဲ့အိမ်သာရဲ့တံခါးကိုဆွဲဖွင့်လိုက်တော့.............'အဟင့် အဟင့်'
လူတစ်ယောက်ညအိပ်ဝတ်စုံအဝါရောင်လေးနဲ့အိမ်သာပေါ်မှာထိုင်နေတယ် ပြီးတော့အဲ့လူကရွက်လှေကို‌ေမာ့ကြည့်လာတယ်
မျက်နှာတစ်ခုလုံးမှာမျက်ရည်တွေရွှဲနေခဲ့တယ်

"ဆင့်သွေး မင်းဘာဖြစ်လို့လဲ မင်းကိုဘယ်သူဘာလုပ်လို့လဲ ဟင် ငါ့ကိုပြောဆင့်သွေးဘာဖြစ်တာလဲ"

ဟုတ်ပါတယ်အဲ့တာဆင့်သွေးပါ
ရွက်လှေလဲဆင့်သွေးကိုမြင်တော့လန့်သွားခဲ့တယ် သူကဒီချိန်ထိမအိပ်ဘဲဘာလို့ငိုနေတာလဲ သူ့ကိုဘယ်သူကဘာလုပ်လိုက်လို့လဲ ရွက်လှေဘယ်လိုမှမနေနိုင်ပါဆင့်သွေးဒီလိုဖြစ်နေတာကိုမြင်လိုက်ရတော့သူအရမ်းစိတ်ပူသွားခဲ့တယ်

"ရွက်လှေ...ငါ...ငါလေ..မေမေ့ကိုလွမ်းတယ် အဟင့်...ဟင့်"

ဟမ်ဘလို သူကဒီကျောင်းမှာအဆောင်နေတာကြာပြီကိုနေသားကျနေရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့..အာထားလိုက်ပါတော့...
ရွက်လှေလဲမျက်နှာပေါ်ကမျက်ရည်လေးတွေကိုလက်လေးနဲ့ဖိသုတ်လိုက်ပြီး

No More Friend More Than Friend (Ongoing)Where stories live. Discover now