Part_11

42 5 0
                                    

Unicode

မနက်ခင်းအစပျိုးချိန်ငှက်များ၏သီဆိုသံရယ်နှင့်နေရောင်ခြည်အလင်းဖြာသက်ဆင်းကာ နွေရာသီမနက်ခင်းလေးတစ်ခု စတင်လေပြီ...

ဆင့်သွေးအိပ်တဲ့နေရာသို့နေ‌ေရာင်ခြည်နွေးနွေးလေးဟာတစ်စတစ်စနဲ့ကျရောက်နေသည်..
နေစူးသည်ဟုထင်ရ၍လူးလိမ့်နေသောခန္ဒာကိုယ်လေးဟာရုတ်တရက်

ဒုန်းးး

သာယာသောဤမနက်ခင်းကိုဆူညံစေလေပြီ.. ထိုသို့ဖြစ်အောင်ပြုလုပ်သူကတော့

"အာ့..ခွေးကောင်ရွက်လှေ.."

ဆင့်သွေးကိုရွက်လှေကုတင်ပေါ်မှကန်ချမိလိုက်ခြင်းဖြစ်သည်

ဆင့်သွေး၏အော်သံကြောင့်အိမ်မက်မက်နေသည်ဟုထင်ရသောရွက်လှေရုတ်တရက်ဆိုသလိုလန့်နိုးသွားပြီး

"အမလေး..ဘရား ဘုရား
ဘာဖြစ်တာလဲ ငါတို့သေတော့မှာလား"

"အေး သေမှာငါတို့တော့မဟုတ်ဘူး မင်းတစ်ယောက်ထဲ"

"ငါက ဘာဖြစ်လို့_"

ဝုန်းး

ရွက်လှေစကားတောင်ဆုံးအောင်မပြောလိုက်ရခင်ဆင့်သွေးကုတင်ပေါ်တက်လာကခေါင်းအုံးဖြင့်ရိုက်ကာလက်စွမ်းပြလေပြီ

"မင်း ရွက်လှေ ကောင်စုတ် မင်းငါ့ကိုကုတင်ပေါ်ကကန်ချတာ ငါ့မှာအိပ်တာတောင်ကောင်းမအိပ်ရဘူး ကိုယ့်အိမ်ကျကိုယ်ပြန်မအိပ်ဘဲသူများအိမ်ကသူများကုတင်‌ေပါ်လာတက်အိမ်ပြီးပိုင်ရှင်ကိုလဲကန်ချသေးတယ် ခွေးကောင်"

ဆင့်သွေးပါးစပ်ကလဲပြောလက်ကလဲရိုက်ဖြင့်ရွက်လှေမှာလှုပ်ချိန်တောင်မရ
ခနကြတော့ဆင့်သွေးလက်ရော၊ပါးစပ်ပါညောင်းသွားဟန်တူသည်ခနလေးရပ်သွားတဲ့အချိန်မှာတော့ရွက်လှေအလစ်ဖမ်း၍ဆင့်သွေးကိုတွန်းကာထွက်ပြေးပါတော့‌သည်

"ခွေးကောင်ရွက်လှေ မင်းမပြေးနဲ့"

"ဆင့်သွေးရေ ငါမင်းကိုတမင်ရည်ရွယ်ပြီးကန်ချတာမဟုတ်ဘူးလေ"

ရွက်လှေကရှေ့ကပြေးဆင့်သွေးကနောက်ကလိုက်နှင့်နှစ်ယောက်သားကုတင်ကိုပတ်ပေးနေရာမှ

No More Friend More Than Friend (Ongoing)حيث تعيش القصص. اكتشف الآن