Part - 1

777 61 2
                                    

Unicode

" တော်သင့်ပြီ ထင်တယ် ဂျီဆူး ! "

" ခဏလောက် လွှတ်ထားပေးပါ တောင်းပန်ပါတယ် "

" နာစမ်း ! ဆက်နာကျင်နေလိုက် ! ရှင့်ဘေးမှာရှိနေတဲ့ ကျွန်မကိုကျ ဘယ်တုန်းကမှ မမြင်ခဲ့ပါဘဲ သူ့အတွက်ဘဲ နာကျင်နေလိုက် ရှင်လည်း .... ရှင်လည်းလေ သိပ်တစ်ကိုယ်ကောင်းဆန်တာပဲ သိရဲ့လား ဂျီဆူးရဲ့ ! "

" တို့ကို ချစ်ပါလို့ မင်းကို ပြောခဲ့ဖူးသလား အစထဲက ပြောခဲ့ပါရဲ့ ။ တို့က ဘယ်လိုလူလဲဆိုတာ မချစ်ပါနဲ့လို့လည်း အကြိမ်ကြိမ်တားခဲ့တယ် တစ်ကိုယ်ကောင်းဆန်မှန်းလည်း သိတယ် ၊ အတ္တကြီးမှန်းလည်း သိတယ် မာနိုဘန် မင်းကို တို့ သံယောစဥ်ရှိပါတယ် ချစ်ဖို့လည်း ကြိုးစားခဲ့ဖူးတယ် ဒါပေမယ့် အဲ့နာကျင်စေတဲ့ အရာကိုပဲ စွဲလမ်းမြဲ စွဲလမ်းဆဲဖြစ်နေတာ ! သိပ်ပင်ပန်းရတယ် မေ့ပျောက်ပစ်ဖို့ ကြိုးစားတိုင်း အတိတ်က အဖြစ်အပျက်တွေကြားထဲ တစ်ခါ ပြန်ရောက်သွားသလိုမျိုး လက်လွှတ်ဖို့ကြိုးစားပေမယ့် ပိုနစ်၀င်နေရတာ "

" တော်ပါတော့ ရှင့်အပေါ် သစ္စာမရှိတဲ့ အမျိုးသမီးအကြောင်း ပြောနေတာတွေ တော်ပါတော့ ကျွန်မအနေနဲ့ သူ့ကို မယှဥ်နိုင်မှန်း သိတယ် ဒါပေမယ့် ဂျီဆူးရယ် ကျွန်မလည်း ရှင့်နားမှာ အမြဲ ရှိနေပေးပြီး ရှင့်အချစ်ကို မျှော်လင့်ချက်နည်းနည်းနဲ့ စောင့်မျှော်နေရတဲ့လူပါ နည်းနည်းလောက်တော့ စာနာပေးသင့်တယ်မလား ရှင့်ကို ဘ၀ပျက်မတတ် အရူးတစ်ပိုင်းဖြစ်အောင် လုပ်ခဲ့တဲ့သူကို တစ်ခြားတစ်ယောက်နဲ့ တွဲမြင်ရုံနဲ့ ဒီလောက်ထိ ​နာကျင်ကြေကွဲနေစရာလိုသလား ပြီးတော့ ရှင်က ကျန်ခဲ့ရတဲ့လူလေ "

" လာလီဆာမာနိုဘန် ! မင်း တော်လိုက်တော့ "

" ကင်ဂျီဆူး နာလား ဟင် .... သိပ် နာလား ကျွန်မလည်း ရှင့်ကို ချစ်ရတာ သိပ်နာတယ် သို့သော် ချစ်နေဆဲပဲ ရှင့်ကိုလေ .... ရှင့်လို အမျိုးသမီးကိုမှ "

" တောင်းပန်ပါတယ် ..... "

အဆင်ပြေစပြုချိန်မှ နာကျင်စေပြန်သော ဘ၀ဟာ ဆိုးရွားလိုက်လေခြင်း ။ လမ်းတစ်ဖက်တွင် တွေ့ခဲ့သော ထို မိန်းကလေးဟာ အတိတ်က ကျွန်မရဲ့ ချစ်သူပေါ့ ။ ယခုတော့ .... သူမမှာ ပိုင်ရှင်နှင့် ။ သုံးနှစ်ဆိုသည့် အချိန်ကာလအတွင်း ထို မိန်းကလေးကို တစ်ရက်မှ မေ့မရသလို မုန်း၍လည်း မရခဲ့ ။ " သေလောက်အောင် မုန်းတယ် " လို့ သူမကို ပြောခဲ့ပေမယ့် ပင်ပန်းနေသည့် နှလုံးသားကတော့ ထိုအမျိုးသမီးကိုသာ တမ်းတနေဆဲ ။ သူမရဲ့ လုပ်ရက်နိုင်ခြင်းတွေကြားမှာ မသေရုံတစ်မယ်ဖြစ်နေရတဲ့ ကျွန်မအနားမှာ မာနိုဘန်လို့ ခေါ်တွင်သော ကလေးမသာ ရှိမနေလျှင် ဒီလိုအခြေအနေကို ပြန်ရောက်လာမည် မဟုတ်ပေ ။ ဘယ်လိုပြောပြော ထို ‌ကလေးမက အနားက မခွာပေ ။ ထို့ကြောင့် သံယောစဉ်တွယ်မိသည် ။ မိမိလိုလူကို ယခုလို အချိန်အကြာကြီး ချစ်ပေးနိုင်သည့် ကလေးမကို ကျေးဇူးတင်ရမလား ..... ပြန်မချစ်နိုင်သည့် မိမိကိုယ်ကို အပြစ်တင်ရမလား ။ နှလုံးသားနှင့် ခံစားချက် အလုံးစုံ သေဆုံးနေရသည်မှာ ဂျဲန်းငယ်ထွက်သွားထဲက ... ။

'' Happier ''Where stories live. Discover now