Part - 5

304 37 2
                                    


Unicode

" ဆိုတော့ ဂျဲန်းနီက ချယ်ယောင်းကို သွားခွင့်ပြုမှာလား "

" သူ့ဘဝတက်လမ်းလေ ။ ပိတ်ပင်ထားစရာ အကြောင်းမှ မရှိတာ ကျွန်မလိုလူအတွက်နဲ့ လူငယ်တစ်‌ယောက်ရဲ့ ဘဝကို မပျက်စီးစေချင်ဘူး "

" ဘာလို့ အမြဲ ဂျဲန်းနီဘက်ပဲ ကြည့်ရတာလဲ ။ တစ်ဖက်လူရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ ဘာလို့ ဂျဲန်းနီသဘောအတိုင်း စီစဉ်နေရတာလဲ  ကောင်းစေချင်လို့ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ဂျဲန်းနီ စိတ်ကြိုက်လုပ်လာခဲ့တာ ဘာကြောင့်လဲ "

" ဂျီဆူး .... ကျွန်မကို စိတ်နာနေတုန်းမလား "

ဂျဲန်းနီ၏ မေးခွန်းကြောင့် စာမူများကို ရွေး၍ စီနေသော  ဂျီဆူး တွေဝေသွားရသည် ။ ဂျဲန်းနီကို လှည့်ကြည်လိုက်သည့်အခါ သူမကတော့ ပြတင်း‌ပေါက်ဆီမှ အဝေးတစ်နေရာကို ငေးနေလေသည်။

" ကျွန်မ ဂျဲန်းနီကို ဘယ်တုန်းကမှ  စိတ်မနာခဲ့ပါဘူး "

ထိုအခါ သူမ လှည့်ကြည့်လာသည် ။

" ဘာလို့လဲ ဂျီဆူးအတွက် ကျွန်မက သိပ်မုန်းပစ်ချင်စရာကောင်းတဲ့ မိန်းမ မဟုတ်လား "

" မုန်းချင်တိုင်းသာ မုန်းလို့ရရင်တော့ ကောင်းတာပေါ့ကွာ ဦးနှောက်က စေခိုင်းတိုင်းလည်း နှလုံးသားက မလိုက်နာဘူး ဂျဲန်းနီရဲ့ "

" ဂျီ‌ဆူး လာလီဆာကို လက်ခံခဲ့သင့်တယ် "

" ခုလေးတင်ပဲ ‌ပြောလိုက်တယ်လေကွယ် ... ဦးနှောက်က စေခိုင်းတိုင်းလည်း နှလုံးသားက မလိုက်နာဘူး ဆိုပြီး ။ မာနိုဘန်က တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ပါ ကျွန်မအပေါ် တစ်ကယ်ကောင်းခဲ့တာ အခုထိပဲ ။ ကျွန်မ ဘာတွေ လုပ်နေပါစေ ၊ ဘာတွေပြောနေပါစေ သူ အပြစ်မမြင်ခဲ့ဘူးရယ် ။ အဲ့ဒါတွေကြောင့်လည်း လက်မခံရက်တာ သူ့လို မိန်းကလေးမျိုးကို ကျွန်မ ဘဝထဲ ဆွဲထည့်ပြီး ဒုက္ခတွေ အပူတွေ မပေးချင်လို့လေ "

" ချစ်လား .... သူ့ကို "

" သံယောစဉ်ရှိတယ် ။ ညီမတစ်ယောက်လို ချစ်တယ် အဲ့အထိပဲ ဂျဲန်းနီရယ် .... ကြိုးစားကြည့်လည်း အရာမထင်ဖြစ်နေတာ "

'' Happier ''Where stories live. Discover now