Part - 4

306 43 11
                                    

Unicode

" ဂျီဆူး ၊ ကျွန်မ ၀င်လာလို့ရမလား "

" ရတယ် ဂျဲန်းနီ "

အခန်းတံခါးကို ဖွင့်၍ ၀င်လာသော ကလေးငယ်ဟာ မွှန်ထူနေသော စီးကရက်နံ့နှင့် စီးကရက်တိုများ ပြန့်ကြဲနေသည့်ကြားတွင် ကြမ်းပြင်ပေါ်၌ ကုတင်ကိုမှီကာ ထိုင်နေသော ဂျီဆူးကို အလိုမကျသည့်ပုံစံမျိုးဖြင့် ကြည့်လာသည် ။

" စောနကတင် ခေါင်းကိုက်တယ်ဆို ၊ ဒါ ဘယ်လိုဖြစ်နေတာလဲ ဂျီဆူး "

" စိတ်ထဲ စီးကရက်ကို တောင့်တလာလို့လေ "

" ဒါပေမယ့် ဒီလောက်အများကြီးကတော့ မဟုတ်သေးဘူး "

" ပုံမှန်ပါပဲ ။ ဒါတွေက ကျွန်မအတွက် နေသားကျနေပြီရယ် "

" ဘယ်အချိန်ထိ ဆက်ဆိုးနေမှာလဲ ဂျီဆူးရယ် ၊ ရှင့် ကျန်းမာရေးအခြေအနေ ရှင်အသိဆုံးမလား "

" ကျွန်မထက် ဂျဲန်းနီက ပိုသိခဲ့မယ် ထင်တာပဲ "

ဂျီဆူးဘေးသို့ ဂျဲန်းနီ၀င်ထိုင်လိုက်သည် ။

" ဟုတ်တယ် ၊ ကျွန်မ ပိုသိခဲ့တယ် ပြီးတော့ ရှင် စီးကရက်သောက်တာ မကြိုက်ဘူး ခုချိန်ထိပဲ "

" ကိုယ် မင်း စကားဆို နားထောင်ခဲ့ပါတယ် အချစ်ရယ် "

အတိတ်က နာမ်စားများကို သုံးလိုက်သောကြောင့် ထင်သည် ။ ဂျဲန်းနီ၏ ကြည်လင်လှပသော မျက်၀န်းများတွင် မျက်ရည်စတို့ တွဲခိုလာသည် ။ 

" နားထောင်ခဲ့ပေမယ့် ရှင် စီးကရက်ကို လုံး၀ မသောက်ဘဲ နေခဲ့တာ မဟုတ်ဘူးလေ "

" မင်းနဲ့ မတွေ့ခင်က ကိုယ့်‌အခြေအနေကို မင်း သိသားနဲ့ ။ ပျက်စီးယိုယွင်းနေတဲ့၊ ရှင်လျက်သေနေရတဲ့ ဘ၀မှာ စီးကရက် ၊ စာအုပ် ၊ ကော်ဖီ ၊ ခပ်ဆွေးဆွေး သီချင်းတွေက ကိုယ့်အတွက် အဖော်ဖြစ်ခဲ့တာ  ။ မိသားစု မရှိ ၊ အနာဂတ် မရှိ ၊ အနားမှာ ရှိတဲ့လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြန် ၊  ၀တ္ထုတစ်ပုဒ်ရဖို့အရေး ကျလိုက်ရတဲ့ မျက်ရည်တွေ ၊ ခါးသက်သက်ကော်ဖီတွေကြောင့် အိပ်မပျော်တဲ့ညတွေမှာ အိပ်ဆေးရဲ့ အကူအညီယူခဲ့ရတာတွေ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာကို အစအနတောင် ရှာမရခဲ့တဲ့ အမြဲလိုလို သိမ်ငယ်နေတတ်တဲ့ စိတ္တဇလိုလူမလား ။ ဂျဲန်းနီကြောင့်ပဲ ဘ၀အသစ် စ လိုက်ရသလို အရာရာအဆင်ပြေပြီး ပျော်ရွှင် စ ပြုလာတာလေ ။ ကိုယ် သိပ်သဘောကျရပြီး သိပ်စွဲလမ်းရတဲ့ စီးကရက်ကို ... ကိုယ် သိပ်ချစ်ပြီး သိပ်မြတ်နိုးတန်ဖိုးထားရတဲ့ မင်း စကားကို နားထောင်ပြီး တတ်နိုင်သလောက် ရှောင်ခဲ့တာ ။ ဘယ်အရာနဲ့ ယှဉ်ယှဉ် မင်းကိုပဲ ရွေးခဲ့တာပါ အချစ်ရယ် "

'' Happier ''Where stories live. Discover now