Part - 3

360 37 10
                                    

Unicode

" ဟင် ..... "

ရေခဲမုန့် စောင့်နေတုန်း ဘေးပတ်၀န်းကျင် ကြည့်မိသည်။ လမ်းတစ်ဖက်ရှိ ခုံတန်းပေါ်တွင် ကျောပေး၍ ထိုင်နေသော အမျိုးသမီးတစ်ယောက် ။ ဒီ ကျောပြင်သေးသေးလေးကို သိပ်မြတ်နိုးခဲ့ရသူအဖို့ လျှပ်တပြက် မြင်တွေ့ရုံဖြင့် စိတ်ထဲ အမျိုးအမည် ပုံဖော်၍မရနိုင်သော ခံစားချက်တို့ ထပ်မံဖြစ်ပေါ်ရမြဲ ။ အကြည့်ကို ရှောင်လွှဲပစ်ရန် ကြိုးစားလိုက်ချိန်တွင် တုန်လှုပ်သွားသော ခန္ဓာကိုယ်။

" ငို .... ငိုနေတာများလား "

" ရပါပြီ ။ ကျေးဇူးပါ "

၀န်ထမ်းမိန်းကလေးပေးလာသော ရေခဲမုန့်ကို ယူ၍ သူမရှိရာ အပြေးလာခဲ့သည်။ အနားရောက်မှ သိသာလာသော ငိုသံ ။ ရှိုက်သံထွက်သည်အထိ ငိုကြွေးနေသော ဂျဲန်းငယ်ဟာ သိပ်ကြေကွဲနေပုံပေါ်သည်။

" ဂျဲန်းနီ အဆင်ပြေရဲ့လား "

" ဂျီ .... ဂျီဆူး "

" အဆင်ပြေရဲ့လားဟင် "

နီရဲနေသော မျက်၀န်းများနှင့် မော့ကြည့်လာသော သူမ ။ နှာခေါင်းလုံးလုံးနှင့် မို့ဖောင်းနေသော ပါးနှစ်ဖက်ဟာ ပန်းရောင်သန်းလျက် .... ။
ဂျီဆူး လက်လှမ်းလိုက်သည် ။

" လိုက်ခဲ့မလား ဒီမှာ ဆက်ငိုနေရင် ပိုဆိုးလိမ့်မယ် "

ပြန်လည် ဆုပ်ကိုင်လာသော လက်ဖဝါးဟာ အေးစက်နေတတ်သည် ။ အတိတ် .... အရိပ် .... အရင်က အချိန်တွေကို ပြန်ရောက်သွားသယောင် ။ အားကိုးတကြီး ဆုပ်ကိုင်လာသော ထိုလက်ဖဝါးနုနုကို မလွှတ်ချင်တော့ပေ ။

- -

" နွားနို့ပူပူလေးသောက်လိုက်ပါ အားပြည့်သွားအောင် "

" ဂျီဆူးဖျော်တိုက်တဲ့ ကော်ဖီအခါး မသောက်ရတာ ကြာပြီ "

" ခုချိန် ခါးသက်သက်ကော်ဖီသောက်ရင် ရင်တုန်ပြီး နေထိုင်မကောင်းဖြစ်လိမ့်မယ် "

" ကျေးဇူးပါ "

" ဘာအတွက်များလဲ ။ ဘာကြောင့် ငိုနေသလဲဆိုတာ ဂျဲန်းနီရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမလို့ မမေးတော့ပေမယ့် ချယ်ယောင်းနဲ့ ဘာကြောင့် ရှိမနေသလဲဆိုတာတော့ သိချင်တယ် လမ်းလယ်ခေါင်မှာ ရှိုက်ကြီးတငင် ငိုတတ်တဲ့သူက ဂျဲန်းနီမှ ဟုတ်ရဲ့လား "

'' Happier ''Where stories live. Discover now