Part - 7

447 34 9
                                    

Unicode

" ဂျီဆူး တော်တော့ဟာ နင်သောက်တာ များနေပြီ"

" ဟုတ်တယ် ဂျီဆူး ‌ဒီ့ထက်ပိုသောက်ရင် နေထိုင်မကောင်းဖြစ်လိမ့်မယ် "

" မာနိုဘန် ... နောက်ဆုံးတော့ သာယာလှပတဲ့ ဘဝလေး ပိုင်ဆိုင်ရတော့မယ် ငါဖြင့် သူ့အတွက် သိပ်ဂုဏ်ယူတာပဲ သိလား "

မျက်ရည်ဝဲနေသည့်တိုင် စိတ်လိုလက်ရ အပြုံးတစ်ခုကို ချိတ်ဆွဲထားသော ဂျီဆူးဟာ လာလီဆာမာနိုဘန်အတွက် အမှန်တစ်ကယ် ဂုဏ်ယူနေသည့်ပုံ ။

" ချယ်ယောင်းရောပဲ ၊  ဟူး .... နင်တို့ လေးယောက်က ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ ဘယ်အချိန် ထ ပေါက်ကွဲမလဲ ရင်တထိတ်ထိတ်စောင့်နေရတာ ။ ခန့်မှန်းရလည်း ခက်တယ် "

" အရေးကြီးတာက တစ်ခုတည်းပါ။  ငါတို့ကို ချစ်တဲ့သူတွေ ငါတို့ဘဝထဲ အတင်းတိုးဝင်နေတာမျိုး မဟုတ်ဘဲ သူတို့ ဘဝကိုယ်စီနဲ့ ပျော်ရွှင်နေရင် ရပြီ ။ ငါတို့ကို ချစ်တာ မကောင်းဘူးဆိုတာကို သိသွားရင်ရပြီ "

" ကဲပါ .... နင်တို့ ဒီည ဒီမှာပဲ အိပ်ကြ ။ နောက်ကျနေပြီ "

" ကျွန်မ ပြန်လိုက်မယ် "

" ဂျဲန်းနီက ဘာလို့လဲ  ။ နောက်ကျနေပြီ မပြန်ပါနဲ့"

" အေးလေ ဒီအချိန်က မိန်းကလေးတစ်ယောက်တည်း အပြင်ထွက်လို့ကောင်းတဲ့ အချိန်မဟုတ်ဘူး ပြီးတော့ နင် သောက်လည်း သောက်ထားတယ် "

" အေးပါဟာ မပြန်ဘူး ရပြီလား ။ တစ်ကယ်ပါပဲ အဖွားကြီးပေါက်စတွေ "

ရွှတ်နောက်နောက်ဆိုလာသော်လည်း ဂျဲန်းနီကို ကြည့်လျှင် သူ့ စိတ်အခြေအနေ အဆင်မပြေသေးမှန်း သိနိုင်သည် ။ ဦးနှောက်ထဲ လှစ်ခနဲ ဖျတ်ပြေးသော အတွေးတစ်ခု .... ဒါဟာ " အတိတ် ၊ အရိပ် ၊ နာကျင်မှုများကြားမှ ရုန်းထွက်ရန် " ပင်ဖြစ်သည် ။ ခါးသက်သော အရက်လက်ကျန်ကို မော့ချလိုက်သည် ။ လည်ချောင်းတစ်လျှောက် ပူဆင်းသွားသော အသိ  ။ ဘယ်ဘက်လက်ရှိ လက်ချောင်းသွယ်သွယ်များကြားတွင် ညှပ်ကာကိုင်ထားသည့် စီးကရက်က ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ ။ အလျင်အမြန်ပင် စီးကရက်ကို ရှိုက်လိုက်သည်။ နှုတ်ခမ်းပါးဆီမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော အငွေ့အသက်တစ်ချို့ဟာ ကဗျာဆန်စွာ တည်ရှိနေသည် ။ ဒီအငွေ့အသက်တွေလိုမျိုး ကျွန်မ ဂျဲန်းနီကို ဖြည်းဖြည်းချင်း လက်လွှတ်တော့မှာ ၊ ဂျဲန်းနီနဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာ ။

You've reached the end of published parts.

⏰ Last updated: Apr 14, 2023 ⏰

Add this story to your Library to get notified about new parts!

'' Happier ''Where stories live. Discover now