Part - 6

548 47 6
                                    

Unicode

" ကျွန်မသာ ရှင့်ဆီ ပြန်လာချင်ရင်ရော ... ငြင်းမှာလား ဂျီဆူး "

" ယုံကြည်မှုကို ဖျက်စီးခံလိုက်ရတာမျိုး ခံစားဖူးလား ဂျဲန်းနီ "

" ဟင့်အင်း "

" ဒါကြောင့်လည်း ဂျဲန်းနီကိုယ်တိုင် ယုံကြည်မှုကို ဖျက်စီးနိုင်ခဲ့တာ ။ ကျွန်မကလေ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့လူ ။ ကျွန်မ အလျော့ပေးပြီး ချစ်ခဲ့ ၊ ယုံကြည်ခဲ့တာ ဂျဲန်းနီတစ်ယောက်ပဲရှိတယ် ။ ဒီကြားထဲကမှ ရအောင်ကို ဖျက်စီးသွားသေးတယ်ကွယ် "

" ဒါပေမယ့် ကျွန်မ အဲ့အချိန်တုန်းက ချယ်ယောင်းကို ချစ်မိသွားခဲ့တာ "

" သိပါတယ် ။ ချစ်လို့ပဲ ကျွန်မကို ထားခဲ့တာလေ အခုရော ချယ်‌ယောင်းကို ချစ်သေးလား "

" သေချာမသိဘူး ဂျီဆူး "

" တစ်ခုလောက်တော့ ပြောပါရစေ ဂျဲန်းနီ။  ရှင့်လုပ်ရပ်တွေ သိပ်မှားနေတယ် ။ အနားကလူတွေကို ထပ်နာရအောင် မလုပ်ပါနဲ့တော့ "

ကျွန်မကို ခပ်တွေတွေငေးကြည့်နေသော ဂျဲန်းနီအား ကျောခိုင်းခဲ့လိုက်သည်။ ရင်ဘတ်ထဲမှ ဆိုးဝါးလှသော နာကျင်မှုဟာ မျက်ရည်အဖြစ် အေးစက်သော ပါးပြင်ပေါ်မှ တစ်လှိမ့်လှိမ့် စီးဆင်းသွားသည်။ သေမတတ်နာကျင်ခဲ့ရသည့် နေ့ရက်တိုင်းက သူမရှေ့ ရောက်သည့်အခါ ဟာသဆန်သွားတတ်သည်။ ဒါဟာလည်း ကျွန်မ မုန်းမိသည့် အချက်များထဲမှ တစ်ခု။ ဂျဲန်းနီဟာ သူတစ်ပါး၏ ခံစားချက်ကို ထည့်တွေးပေးသည့်လူမျိုးမဟုတ်ပေ ။

                                                                                               .                . 

  

“ မာနိုဘန် …   ဘယ်တွေရောက်နေခဲ့တာလဲ ”

“ သူငယ်ချင်း တစ်ယောက် အကူအညီတောင်းလို့ ခရီးသွားနေရတာ ”

“ ဪ .. ”

“ ဂျဲန်းနီ ရောက်နေတာ ကြာပြီလား .. ဂျီဆူး နေနိုင်လိုက်ပုံများနော် ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရ ”

" အဲ့လိုတော့လည်း မဟုတ်ပါဘူး မာနိုဘန်ရယ် "

" ဂျဲန်းနီနဲ့ ချယ်ယောင်းက ဘယ်လိုဖြစ်ကြတာလဲ "

'' Happier ''Where stories live. Discover now