Say 'I love You' ( Part - 2 )

469 45 7
                                    

( Unicode )

" မျက်နှာကြီးက ဘယ်လိုဖြစ်နေတာ "
" အေးပါ့...Toey ဆူလိုက်လို့နေမှာ "
" နေစမ်းပါ ဒီကောင် Toey ဆူတာလောက်နဲ့ အဲ့လောက်မျက်နှာမပျက်ဘူး "

ကျောင်း ကန်တင်း၌ ဖင်ထိုင်ချရုံဘဲရှိသေး တစ်ယောက်တစ်ပေါက် ပြောလာကြတဲ့ သူငယ်ချင်းတွေကို Ohm မျက်စောင်းထိုးလိုက်သည်။

စိတ်ရှုပ်နေရသည်မှာလည်း တခြားအကြောင်းရင်းတော့မဟုတ် Nanon Korapat ကြောင့်သာ။ မျက်လုံးချင်းဆုံရင် ခဏခဏ ပြုံးပြနေပြီး တစ်ခါတစ်ခါမသိမသာ အသားချင်းလာထိတာတို့။

" Ohm "

ဟော....သူ့အကြောင်း တွေးရုံဘဲရှိသေး အဲ့မှာ ရောက်လာပြန်ပြီ ။ ပါးချိုင့်လေးတွေ နက်ဝင်နေအောင် ပြုံးပြနေပြီး သူ့လက်ထဲမှာ မုန့်ထုပ်များ
နှင့် အအေးတစ်ဘူး ကမ်းပေးလာသည်။

" မင်းအတွက် ငါဝယ်လာတာ "

ကျွန်တော်ဘာမှမပြောဘဲ သူ့ကို စူးစိုက်ကြည့်နေလိုက်သည်။ သူ့လုပ်ရပ်က အတိတ်က ကျွန်တော့် အနာဟောင်းကို ပြန်စွပေးနေသည့် သဘောမျိုး။ Nanon Korapat မင်းအနိုင်ယူရတာ အဲ့လောက်တောင်ကြိုက်တာလား။

Ohm တစ်ယောက် Nanon လက်ထဲက မုန့်ထုပ်တွေကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ထိုနေရာမှ ထထွက်လာလိုက်သည်။
အနောက်မှ တကောက်ကောက်လိုက်လာနေသည့် Nanon ကြောင့် သူ့မျက်နှာထက်ကျေနပ်နေသည့် အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး သိပ်မဝေးတဲ့ အမှိုက်ပုံ တစ်ခုထဲ ထိုအရာများကို ပြစ်ထည့်လိုက်သည်။

လှမ်းလာနေတဲ့ခြေလှမ်းတွေ ရပ်တန့်သွားပြီး နံရံထောင့်တစ်ခုမှာ ပုန်းလိုက်မှန်း ကျွန်တော်မသိဘူးများ ထင်နေလားမသိ။ ကျွန်တော့်လုပ်ရက်ကြောင့် သူများဝမ်နည်းသွားမလားဟု ဝင်လာတဲ့အတွေးတွေကို ခါထုတ်ရင်း ထိုနေရာမှသာ အမြန်လစ်လာခဲ့တော့သည်။ ' စိတ်မကောင်းပေမဲ့ မင်းကို မညှာတော့ဘူး Nanon '

Nanon နံရံကို ကျောကပ်မှီထားရင်းမှ ကျေနပ်စွာ ပြုံးလိုက်သည်။ ' Ohm မင်းကငါထင်တဲ့တိုင်းပါဘဲ။  ခန့်မှန်းရလွယ်လွန်းတဲ့ ဂိမ်းတွေငါမကြိုက်ပေမဲ့ မင်းကိုတော့ကြိုက်တယ်။ တမင်သက်သက် ထောင်ချောက်တွေထဲ မင်းကလွယ်လွယ် ခုန်ဝင်တတ်တဲ့ ကောင်မျိုးပါကွာ။ အနိုင်အရှုံးတွေ ငါစိတ်ဝင်စားမယ်ထင်နေရင်တော့ မင်းကအစထဲက ရှုံးပြီးသားဘဲ။ '

Ohmnanon ||°One shot°||Where stories live. Discover now