HOME ( Part - 3 )

363 33 12
                                    

( Unicode )

ပြတင်းပေါက်မှ တိုးဝင်လာတဲ့ လေအေးအေး တို့ကြောင့် Nanon ခုံပေါ်မှ ထကာလှမ်းပိတ်ဖို့ ပြင်လိုက်သည်။ မနက်ခင်းရောက်နေပြီဆိုပေမဲ့ နေကထွက်မလာသေး။ တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်တွေ​က နောက်ဆုံးကြိမ်အဖြစ် နှုတ်ဆက်လာနေပြီမှန်း သိလိုက်ရသည်။

အခုတလော အိပ်ရေးမဝဖြစ်တာနဲ့ မျက်ကွင်းတွေကညိုလို့။ စိတ်ကယောင်ချောက်ချား မဖြစ်အောင်သောက်နေရတဲ့ စားပွဲခုံပေါ်ကဆေးလုံးတွေကို Nanon မျက်စောင်းလေးနှင့် တစ်ချက်ဝှေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

အခုချိန် သူ့ကို သိပ်သတိရနေမိတာတော့ဟုတ်တယ်။ တွေ့ချင်တယ်။ အေးသိမ့်သိမ့် ရာသီဥတုလေးမှာ သူနဲ့ အတူပွေ့ဖက်ရင်း မှေးစက်အနားယူချင်တယ်။ ဒါပေမဲ့ လက်တွေက သူ့ဆီဖုန်းခေါ်ဖို့ တွန့်ဆုတ်နေမိသည်။

'*တီး..Nanon အိပ်ရာက ထတော့နော်...Nanon ကိုယ့်အသက်လေး ထတော့လေ...'

မနက်ခင်း နိုးစက်လေးက သူ့အသံလေး ဖြစ်နေတာကြောင့် Nanon တစ်ချက်ပြုံးမိသည်။ ဖုန်းထဲ အသံသွင်း ထည့်ထားတုန်းက သူနဲ့ ပြန်နားထောင်ပြီး ရယ်နေကြသေးသည်။

တီ တီ တီ vibrate ထားထား တဲ့ဖုန်းကထမြည်တော့ Nanon တွေဝေခြင်းမရှိချက်ချင်းကောက်ကိုင်လိုက်သည်။

" ဟယ်လို "

" နိုးနေပြီလား Nanon "

" အင်း "

" ကိုယ်မင်းတိုက်ခန်းရှေ့ ရောက်နေတယ် တံခါးလာဖွင့်ပေးပါအုံး "

သူ့စကားကြောင့် Nanon တစ်ချက်အံ့အားသင့်သွားပေမဲ့ ခြေလှမ်းတွေက သွက်လက်စွာပင် တံခါးဆီ အမြန်လှမ်းလိုက်သည်။
တံခါးဖွင့်ခါနီးကျ ကိုယ့်အဝတ်စားတွေကို ပြန်ငုံ့ကြည့်တော့ ပေါင်လယ်လောက်ထိသာရှိတဲ့ ဘောင်းဘီတိုနှင့် တီရှပ်လေး တစ်ထည်သာဖြစ်ကြောင်း သိရသည်။

" ခဏလေး Ohm "

" ဘာ..ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား "

" ဟို ငါအင်္ကျီလှဲလိုက်အုံးမယ် ခဏဘဲစောင့် "

" ရ..... "

Ohm ဆက်ပြောမဲ့ စကားများပြတ်တောက် သွားသည်က တစ်ဖက်ကောင်လေးမှ ဖုန်းချလိုက်တာ ကြောင့်ပင်။ လက်ထဲမှာ မနိုင်မနင်း သယ်ထားတဲ့ ပစ္စည်းတွေ လွတ်ကျမသွားအောင် မနည်းထိန်းကိုင်ရင်း နှဖူးပေါ်ကျနေတဲ့ ရေစိုဆံပင်များကို တစ်ချက်ခါထုတ်လိုက်သည်။
ခဏနေတော့ တံခါးလေးက ချက်ခနဲ ပွင့်လာတော့ မျက်နှာငယ်လေးနဲ့ ကြည့်လာတဲ့ ကျွန်တော့် ချစ်ရသူ။

Ohmnanon ||°One shot°||Where stories live. Discover now