HOME ( Part - 2 )

395 34 4
                                    

( Unicode )

" ဒီနေ့မှာတော့ ငါမင်းကို ထိရှလွယ်တဲ့ ကောင်လေး တစ်ယောက်ကြောင်းပြောပြမယ် "

" ဒယ်ဒီ ပြောချင်နေတာကျွန်တော်သိတယ် "

" အဲ့လိုဆိုရင်တော့ ငါလိုရင်းဘဲ ပြောတော့မယ်...မင်းကစားလို့ ရမဲ့ထဲမှာ သူတော့မပါဘူးနော် Ohm "

" ကျွန်တော်Nanonကို ဘယ်တုန်းကမှ မကစားခဲ့ပါဘူး ဒယ်ဒီ..."

" မင်းအရင်က တွဲခဲ့တဲ့ မိန်းကလေးတွေနဲ့သူကမတူဘူး သူ့မှာ စိတ်ဒဏ်ရာ တစ်ခုရှိတယ်ဆိုတာ မင်းအမြဲမှတ်ထားရမယ်... သူ့အမေ သေသွားခဲ့တာ ဘာလို့လဲမင်းသိလား "

အဖေဖြစ်သူရဲ့ အမေးကို Ohm ​ခေါင်းခါပြလိုက်သည်။ သူမသိဘူးပေါ့။ အတူရှိလာတာ သုံးနှစ်မကတော့ပေမဲ့ သူ့အတိတ်ဘဝ အကြောင်း ဘယ်တုန်းကမှ မပြောပြတဲ့ Nanon ကို Ohm လည်းအတင်းမမေးချင်တာကြောင့်ပင်။

" သူ့အဖေက တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လို့ဘဲ "

"....မဟုတ်မှ အဲ့တာ Suicide Case? "

" အင်း ဟုတ်တယ် "

" Nanon သိနေခဲ့လား "

" သူသိနေခဲ့တယ် ..... အချစ်မှာ သံသယ အရမ်းများတဲ့ ကောင်လေးကို မင်းဘယ်လိုများသိမ်းသွင်းခဲ့လဲ ငါစဥ်းစားနေတာ "

အဖေဖြစ်သူရဲ့ စကားကို Ohm ဘယ်လို ပြန်ဖြေရမယ်မှန်းမသိတာကြောင့် တစ်ဖက်ကို အကြည့်လွှဲလိုက်သည်။ ကိုယ့်သားအရင်းထက် တစ်ခြားသူရဲ့ အကြောင်းကို အတွင်းကျကျ သိနေတဲ့ အဖေ့ကိုလည်း Ohm အပြစ်မဆိုပါဘူး။

ငယ်ငယ်ထဲက Nanon ရဲ့စိတ်ပိုင်းဆိုင်ရာရောဂါကို ကုသပေးခဲ့တဲ့ အဖေဖြစ်သူက သူ့အကြောင်းတွေကိုကိုယ့်ထက် ပိုသိနေတာတော့ မဆန်းပါဘူးလေ။

" ကျွန်တော်သူ့ကို သိမ်းသွင်းခဲ့တာ မဟုတ်ပါဘူး...ကျွန်တော်သူ့ကို တကယ်ချစ်မိတာ သူ့အတွက်ဆို ကျွန်တော့် ကျောက်ကပ်တစ်ခု တောင်ပေးရဲတဲ့ထိ ချစ်ခဲ့တာ ဒယ်ဒီလည်း သိပါတယ်....ကျွန်တော်တော့ ကျွန်တော့် အချစ်အပေါ် နည်းနည်းမှ သံသယမရှိဘူး "

" ဒါပေမဲ့ သူကရော....သူက မင်းအပေါ်သံသယ လုံးဝမရှိဘူးလို့ ဆိုလို့မရဘူး ဒါကြောင့် မင်းသူ့ရှေ့မှာ အမြဲအနေထိုင် ဆင်ခြင်ရမယ် ရှင်းရှင်းပြောရရင်တော့ မင်းရဲ့ လွတ်လပ်မှုတွေပါ စွန့်လွှတ်နိုင်မှ ဖြစ်မှာ "

Ohmnanon ||°One shot°||Where stories live. Discover now