HOME (Part -6)

356 37 1
                                    

( Unicode )

" ပုံပြင်က ဒီလိုကြီးအဆုံးသတ်သွားတာလား "
" မမိုက်ဘူးကွာ "
" အေးလေ ကိုကြီး တခြားပုံပြင်ထပ်ပြောပြ "

တစ်ယောက်တစ်ပေါက်နှင့် မှတ်ချက်တွေကို Nanon မမှုဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဒီသုံး ၊ လေး နှစ်အရွယ် မူကြို ကလေးတွေ နဲ့နေရတာ ဟန်ဆောင်မှု မရှိဘဲ စိတ်အေးချမ်းသည်။

" ကိုကြီး "

ကိုယ့်ဘောင်းဘီစလေးကို လာဆွဲတဲ့ ကောင်မလေးတစ်ယောက်ကြောင့် Nanon မတ်တပ်ရပ်နေရင်း သူ့စကားနားထောင်ဖို့ အနည်းငယ်ကုန်းပေးလိုက်သည်။

" မင်းသားလေးက ဂျိုကာလေးနဲ့ ပြန်တွေ့မှာလားဟင် "

မျက်ရည်ဝဲလေးတွေနဲ့ လာမေးတဲ့ ကောင်မလေးတွက် အဖြေမရှိတော့မှာ စိုးရွံ့မိသည်။

" အဲ့ဒါတော့ ကိုကြီးလည်း မသိဘူး သမီးက ဘယ်လိုဖြစ်စေချင်လဲ "

" မင်းသားလေးက ဘာလို့သွားမရှာတာလဲဟင် "

ထိုကောင်မလေးရဲ့ အမေးကို Nanon ဖြေဖို့ တွန့်ဆုတ်သွားသည်။ ' ဘာလို့မရှာခဲ့တာလဲ တဲ့လား '။
အခြေနေနဲ့ မူတည်ပြီးတော့လား သို့မဟုတ် မာန တစ်ခုကြောင့်လဲ ဖြစ်ရင်ဖြစ်မှာပေါ့။

" သမီးကတော့ မင်းသားလေးက လူရွှင်တော်လေးကို ပြန်ရှာတွေ့ပြီး တစ်သက်လုံး ပျော်ရွှင်စွာနေထိုင်သွားကြသတည်း လို့အဆုံးသတ်မယ် "

" အင်း တစ်ချို့ ပုံပြင်တွေက လက်တွေ့နဲ့တော့မတူဘူး "

Nanon ထိုမျှသာ ပြောပြီး ကလေးတွေကို နှုတ်ဆက်ကာ ကုမ္ပဏီကို လှမ်းလာခဲ့လိုက်သည်။ ကိုယ့်အလုပ်က အလုပ်ချိန် သိပ်မများဘဲ သက်သောင့်သက်သာ ရှိတာမို့ အနားယူချိန်များသည်။

မိုးဦးကာလမို့ လေအေးလေးတွေ တဖြတ်ဖြတ် တိုက်လာတိုင်း ရင်ထဲက အမည်တပ်မရတဲ့ သိပ်သည်းဆ တစ်မျိုးက ထုထည်ကြီးမားလာတတ်သည်။

တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေး တစ်ခုဝင်ထိုင်လိုက်ပြီး နားကြပ်လေးတပ်ကာ ကိုယ့်အကြိုက်ဆုံး သီချင်းသံစဥ်လေး တစ်ခုကိုရွေးဖွင့်ရင်း စာအုပ်လေးဖတ်ဖို့ ပြင်လိုက်သည်။ အရှေ့ကို လာချပေးတဲ့ ကော်ဖီလေးတစ်ခွက်ကြောင့် Nanon စားပွဲထိုးမလေးကို ပြုံးပြလိုက်သည်။

Ohmnanon ||°One shot°||حيث تعيش القصص. اكتشف الآن