HOME ( Part - 4 )

324 40 0
                                    

( Unicode )

အမှောင်အတိကျရောက် နေတဲ့ ညလယ်တစ်ခု။ တစ်ယောက်ထဲ နေရတဲ့ ခံစားချက်က အထီးကျန်ဆန်သလို ကျွန်တော့်လို လူမျိုးအတွက်ဆို ပိုတောင်ဆိုးသည်။ မနှစ်က အဖေဆုံးပြီးနောက် ကျွန်တော်ဟာ တစ်ကောင်ကြွက် အနေနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာ။ ကျွန်တော့်နားမှာအမြဲ ရှိနေပေးတဲ့ သူကြောင့် ကျွန်တော်အခုချိန်ထိ အသက်ရှင်နေရသည်လို့ ခံစားရသည်။ ဒါပေမဲ့ အခုတလော အသက်ရှင်ရတာပါ အဓိပ္ပာယ်မဲ့လာသလိုဘဲ။

အချိန်က တဖြည်းဖြည်း ရွေ့သွားရင်း ကျွန်တော် တစ်ယောက်ဘဲ ကုတင်ပေါ်မှာ ဒူးပိုက်လျက် ထိုင်နေမိသည်။ စက္ကန့်တစ်ခုမှာ ကျွန်တော့် အတွေးတွေက အတိုင်းတာမရှိ ပြန့်နှံ့လွန်းတာကြောင့် ဟိုဟိုဒီဒီပြန့်နှံ့နေသော အာရုံတို့ကို ပြန်စုစည်းလိုက်သည်။

ဖွင့်ထားသော ပြတင်းပေါက်မှ ဝင်လာသော လေအေးတို့ကြောင့် နှဖူးပေါ် က ချွေးစေးလေးတွေ အနည်းငယ် ခြောက်သွေ့သွားသလိုပင်။
လေတစ်ချက်အဝှေ့ လှုပ်ရှားသွားတဲ့ အဖြူရောင် လိုက်ကာကြီး ဘက်ကို ကျွန်တော် လှည့်မကြည့်ရဲသေးပါ။

ကျွန်တော့်ကို စိုက်ကြည့်နေတယ်လို့ ခံစားရတဲ့ အရာက တကယ်ကို ပြဿနာဖြစ်သည်။
စားပွဲခုံပေါ်က ဆေးလုံးလေးကို ကြည့်ကာ ကျွန်တော် လှမ်းသောက်ဖို့ တွေဝေမိသေးသည်။ ဘာလို့ဆို အခုချိန် ကျွန်တော်မလှုပ်ရဲတော့ဘူးလေ။

ခြေသံ ကြားတော့ ကျွန်တော့်နှလုံးတွေ ပေါက်ထွက်မတတ်ခုန်လာသည်။ ကျွန်တော့် အနားကို နီးကပ်လာတာ လို့ခံစားရတော့ မျက်လုံးတွေကို မှိတ်ရင်း နားနှစ်ဖက်ကိုလက်ဖြင့်အမြန်ပိတ်အုပ်လိုက်သည်။

အနက်ရောင်မဲမှောင်နေသော ဆံနွယ်ရှည်ရှည်တို့က လေတိုက်ရာယိမ်းနွဲ့လို့ ဖားလျား ချထားတာကြောင့် သူမမျက်နှာတို့ကို ဖုန်းထားမှာ သိသာသည်။ သူမအကြိုက်ဆုံး ကြက်သွေးရောင် ဂါဝန်ကို ဝတ်ထားတာလည်း ဖြစ်နိုင်သလို အဖြူရောင် ခြေမျက်စိထိ ဖုံးတဲ့ ဂါဝန်ကြီး ကိုဝတ်ထားတာလည်းဖြစ်နိုင်သည်။

" Nanon "

ကျွန်တော့်နားတွေကို တင်းတင်း ဖိကာပိတ်အုပ်ထားပေမဲ့ သူ့အသံကို အထင်းသားကြားနေရသည်။

Ohmnanon ||°One shot°||Where stories live. Discover now