Bad Things ( Part - 2 )

739 49 3
                                    

( Unicode )

အေးစက်တဲ့ ဆောင်းရာသီ မနက်ခင်းတစ်ခုမှာ မနက်စောစော ရေထချိုးနေတဲ့ သူကတော့ တခြားသူမဟုတ် ။ Nonnie ပြုံးသာပြုံးမိသည်။
ယောက်ျားဖြစ်သူရဲ့ ထူးခြားတဲ့ အကျင့်လေးတွေကလည်း မြတ်နိုးဖို့ ကောင်းနေတာ။

" P'Ohm!! "

ရေချိုးခန်းမှ အမြန်ထွက်လာတာကြောင့် သူ့ရင်အုံပိုင်းနှင့် ဗိုက်ကြွက်သားတစ်လျှောက် ရေစက်တွေတွဲလွှဲခိုလို့။ ခါးတွင်ပတ်ထားသော တဘက်လေးတစ်ခုကပင် အမြန်ပတ်လာခဲ့ပုံပေါ်သည်။

" ဘာဖြစ်လို့လဲ Nonnie ဗိုက်အောင့်လို့လား နေရတာမကောင်ဘူးလား အစောကြီးနိုးနေတာ "

ပူပင်နေတဲ့ မျက်နှာနဲ့ သူ့ရဲ့ ရေစိုလက်ကို တဘတ်ပေါ်အမြန်သုတ်ကာ ကိုယ့်နှဖူးကို လာစမ်းတဲ့ သူကြောင့် Nonnie မရယ်ဖြစ်အောင်မနည်း ကြိုးစားနေရသည်။

" ဘာမှမဖြစ်ပါဘူး "

" ခဏလေး ပြီးရင် လမ်းလျှောက်ရအောင် P' အင်္ကျီသွားလိုက်အုံးမယ်နော် "

" အင်း "

ပူပင်နေသော မျက်နှာလေးက စိတ်အေးသွားပုံပေါ်သည် နောက်လှည့်သွားသည့် ခဏမှာ သူ့ကျောပေါ်က ကုတ်ခြစ်ရာတွေ မြင်တော့ Nonnie မျက်နှာထက် အပြုံးလေးပြေရော့ သွားရသည်။ ကုတ်ခြစ်ရာတွေရဲ့ တရားခံက အခြားသူမဟုတ်တာကြောင့်လည်း Nonnie သက်ပြင်းချမိသည်။
.
.
.
" သက်ပြင်းတွေ သိပ်မချနဲ့....ကလေးလေးစိတ်မကောင်းဖြစ်သွားအုံးမယ် "

" ပိုလိုက်တာ P' ကလည်း "

" ကိုယ့်ကိုပြော ဘာတွေစိတ်မချမ်းသာစရာရှိနေတာလဲ Nonnie "

ကိုယ့်မျက်လုံးတွေထဲ စူးစိုက်ကြည့်ကာ မေးလာတဲ့ P'Ohm ကြောင့် Nonnie ရင်တွေခုန်မိသည်။
'အမှန်တရားက အစ်ကိုသာသိရင် Nonnie ကိုစိတ်ပျက်သွားမှာပေါ့'။

" ကလေးက တစ်ချိန်လုံးကန်နေတာ
အဲ့ဒါကြောင့်"

Nonnie မျက်လွှာချကာ ဖြေဆိုမိသည်။ကိုယ့်ရင်ထဲ အပူမီးတွေကို ကလေးနဲ့ အကြောင်းပြမိလို့တောင်းပန်ပါတယ်နော် 'သားလေး'ရယ်။

" သားလေးက အရမ်းကဲနေတာသူ့ဦးလေးနဲ့ တူလို့ဖြစ်မယ် "

အပြုံးတစ်ခုနှင့်ဆိုရင်း ကိုယ့်ရဲ့ ပူနေတဲ့ဗိုက်ဖောင်းလေးကို တယုတယပွတ်သပ်လာပေးတဲ့ P'Ohm ကြောင့် Nonnie မျက်ရည်ဝဲသည်ထိ ကြည်နူးမိသည်။

Ohmnanon ||°One shot°||Where stories live. Discover now