Y

513 47 10
                                    

UNI....

ထယ်ယုံး သဘာဝအလှတရားတွေကို ခံစားလျက် လမ်းလျှောက်ရတာကို သဘောကျသည်။ထို့ကြောင့် အမြဲတမ်းလိုလို ကားမစီးဘဲ လမ်းလျှောက်ဖြစ်သည်။လမ်းလျှောက်တာ ကျန်းမာရေးနဲ့ညီညွတ်သလို ထယ်ယုံးကိုလည်း ပျော်ရွှင်စေသည်။ခံစားချက်ဖြင့် ဘဝကို ရှင်သန်နေတဲ့သူတစ်ယောက်အဖို့ အရာတိုင်းက လေ့လာစရာဖြစ်နေသည်။လမ်းမထက်မှာ အဖြစ်အပျက်တစ်ချို့ကို အတွေးပေါ်တိုင်း မှတ်စုသာအုပ်ထဲ ပြေးမှတ်ရသည့်မှာ အမော။ဇာတ်ညွှန်းရေးဆရာအသစ်တစ်ယောက်အနေနဲ့ ထယ်ယုံးမှာ သင်ယူဆရာတွေ အများကြီး ရှိနေသည်။

*တီ!တီ!တီ!*

ကားဟွန်းတီးသံက ထယ်ယုံး ခံစားချက်တွေကို ပျက်သွားစေပေမယ့် ဒေါသထွက်ခြင်း မရှိခဲ့ဘူး။စိတ်ခံစားချက်အရ ဘာကြောင့် ဟွန်းတီးသလဲ သိချင်သည့်နှင့်ဖြင့် အသံလာရာကို လှည့်ကြည့်မိတော့ ထိုးရပ်သွားသည့်ကားနှင့်အတူ မှန်ချလိုက်သည့်အချိန်မှာ မြင်လိုက်ရသည့်လူကြောင့် ထယ်ယုံး ထခုန်မိမတတ် ပျော်သွားရသည်။

«ဂုံမြောင်!!!»

အသံကျယ်ကျယ်နှင့်အတူ ကားအနားကို တိုးကပ်မိတော့ ဂုံမြောင်က ရယ်သည်။မပြောင်းလဲ သေးဘူး။ဂုံမြောင်က အရင်လိုပဲ ခန့်ညားနေဆဲ။ကျောင်းတုန်းက ထယ်ယုံး သူငယ်ချင်းတွေထဲမှာ ဂုံမြောင်က အချောဆုံး၊အကျော်ကြားဆုံး။ ဂုံမြောင်ရိုက်သမျှ ဇာတ်ကားတိုက်က ကျော်ကြားနေတာ ရုပ်ချောတာတစ်ခုတည်းကြောင့်မဟုတ်။သူကိုယ်တိုင်က အလုပ်ကြိုးစားပြီး တော်တာကြောင့် ဖြစ်သည်။

«တတ်..အချိန်ရတယ် မဟုတ်လား»

«ရတယ်..»

အဆက်အသွယ်ရှိကြပေမယ့် မအားလို့ မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် တွေ့ဆုံခြင်းက စကားတပြောပြောနှင့်။ပြောမကုန်ဖြစ်နေသည်။

«မင်း အရင်က ကောင်မလေးတွေကြားထဲ အတော်ရေပန်းစားခဲ့တာ။ဟော..ကြည့်!အခု အဒေါ်ကြီးတွေပါ မကျန် မင်းကို သဲသဲလှုပ်လှုပ် ဖြစ်နေကြပြီ»

«ဒါက ငါက ချောတာကို»

ဂုံမြောင်စကားကြောင့် ကျွန်တော် ဝက်ဝက်ကွဲ ရယ်ပစ်လိုက်သည်။ဒီကောင် သူချောမှန်းသိလို့ မာန်တတ်နေတာ။

YOU KNOW Dove le storie prendono vita. Scoprilo ora