U

232 44 8
                                    

UNI.....

ဒိုယောင်းက အိမ်လည်မခေါ်ပေမယ့် ဂုံမြောင်ကတော့ အလည်ခေါ်သည်။ချက်ချင်းပဲ မငြင်းဆန်ဘဲ «လာလည်ပါ့မယ် »ပြောမိတော့ ဂုံမြောင်က «သူ့ညီကို လန့်ပြီး ငြင်းမယ် ထင်ခဲ့တာ»တဲ့လေ။အမှန်ဆို ထယ်ယုံး ဒိုယောင်းကို လန့်သည်။သို့သော် အိမ်လည်လာချင်တဲ့စိတ်က ရန်တွေ့ခံချင်လို့များလား။အကြောင်းပြချက်ကတော့ သေချာမရှိခဲ့ဘူး။ဒါပမယ့် ဒိုယောင်းကျောင်းပိတ်သည့် တနင်္ဂနွေနေ့ကို ရွေးပြီး လာလည်မိသည်။

ဖိတ်ခေါ်ထားသည့်အတွက် ကြိုဆိုနေသည့်တံခါးပေါက်ကြားအတိုင်း အကြောင်းမကြားဘဲ ဝင်လာခဲ့မိတော့ အသံပါဝါကောင်းကောင်းနှင့် ကာရာအိုကေစက်ရှေ့ သီချင်းဆိုနေတဲ့ဒိုယောင်းကို တွေ့ရသည်။

သီချင်းဆိုရတာ ဝါသနာ ပါပုံရသည်။စတွေ့တုန်းက သူ့အစ်ကို,ကို ကာရာအိုကေစက်မဝယ်ပေးလို့ ကောက်တေးလေး လုပ်နေတာ။ကြားထဲက
ထယ်ယုံး‌တောင် ပတ်ရမ်းခံ ရသေးတယ်။

🎵네개는 할짝펴고

ငါက ဒဏ်ရာများတဲ့ပိုးတုံးလုံး

세상을 사유름게날거야

လောကကြီးထဲ လွတ်လပ်စွာ ပျံသန်းပစ်မှာ

노래 하며 춤추는

သီချင်းဆိုရင်း အကကရင်းနဲ့

나는 아름 나운 나비

ငါဟာ လှပတဲ့လိပ်ပြာလေး

워우 ~워우~ 워우~워우~ 🎵

A Flying Butterflyကို အပြီးပြင်ဟဲနေတဲ့ဒိုယောင်းကို ကြည့်ပြီး ထယ်ယုံး မပြုံးဘဲ မနေနိုင်။ဒူးတွေပါ ညွှတ်ကွေးပြီး ခံစားချက်အပြည့်နှင့် သီချင်းထဲနစ်မြောနေတဲ့ဒိုယာင်းကတော့ ထယ်ယုံးကို မမြင်။သီချင်းပြီးသည့်အချိန် ထယ်ယုံးရဲ့လက်ခုပ်သံကြားမှ မျက်လုံးလေးပြူးပြီး အံ့ဩနေသည်။

«အသံက တကယ်ကောင်းတာပဲ»

«အဲ့လို ခဏ ခဏ ချီးကျူးခံရတယ်»

ဒိုယောင်းစကားမှာ ထယ်ယုံးရယ်ရုံပဲ တတ်နိုင်တော့သည်။ဘာပြောရမှန်း တကယ်မသိတော့။ချီးကျူးတဲ့သူကို ကျေးဇူးတင်စရာမပြောဘဲ ပြန်တောင် ကြွားနေသေးတယ်။တကယ်ကို ကင်မ်ဒိုယောင်း ပီသပါတယ်။

YOU KNOW Where stories live. Discover now