W

272 42 0
                                    

UNI....


ရုတ်တရက်ကြီး ကျောင်းရှေ့မှာ ထယ်ယုံးကို မြင်တော့ ဒိုယောင်း အတော်ထိန့်လန့်သွားသည်။အခုနောက်ပိုင်း ဒိုယောင်းက ထယ်ယုံးကို သိသိသာသာရှောင်ဖယ်နေတာကို ပတ်ပင်တိုးရတယ်လို့။မှိုင်တေတေမျက်နှာနှင့် ထယ်ယုံးဆီကို ဒိုယောင်းလျှောက်သွားရသည်။ထယ်ယုံးက လမ်းပြပြီး ဒိုယောင်းကို သူဆီလာဖို့ခေါ်နေပြီလေ။

«ခဗျားက ဘာလာလုပ်တာလဲ!? »

«မင်းအစ်ကို မအားလို့ »

«ရတယ်။ကျွန်တော် ကလေးမဟုတ်ဘူး။အိမ်ပြန်တတ်တယ်။ဟျောင်း မအားလည်း နောက်လာ
မကြိုနဲ့ !»

«လာကြိုတဲ့သူကို စိတ်မကောင်းဖြစ်အောင် ပြောပြန်ပြီ»

«ဘယ်သူက *»

နှုတ်ခမ်းဆူလျက် ရန်အပြီးအပြင်တွေ့မယ်ပြင်တဲ့ဒိုယောင်းစကားတွေ ရပ်တန့်သွားသည်။မျက်နှာလေးသေးသေးလေးနဲ့ ချက်ချင်း ငိုချတော့မဲ့
ထယ်ယုံးကြောင့် ဒိုယောင်း ဘာလုပ်ရမှန်း မသိတော့။အရင်က ဒီထက် ဆိုးတာတွေလည်း ပြောဖူးတာကို။အခုမှ အီထယ်ယုံးက ဘာထဖြစ်တာလဲ။လူကို စိတ်မကောင်းဖြစ်အောင်လို့။

«ဟို ...ကျွန်တော်»

«မင်းက သိလား။မင်းက ငါကို ကြောက်အောင်ဖြဲခြောက်နေတယ်။ချစ်တယ်လို့ ဖွင့်ပြောမယ်ဆိုပြီး အာခဲပြီး လာခဲ့ပေမယ့် မင်း ရန်တွေ့လိုက်နဲ့ ငါက မပြောရဲတော့ဘူး»

ဒိုယောင်းမျက်နှာကို စိုက်ကြည့်ပြီး ပြောလာသည့်ထယ်ယုံးစကားမှာ ဒိုယောင်းရင်ထဲ လှပ်ခနဲ့။
မပြောရဲဘူးဆိုပြီး အခုပဲ ဖွင့်ပြောလိုက်တာ မဟုတ်ဘူးလား။

«‌‌အိမ်ကို ကောင်းကောင်းပြန်ဦး။ကိုယ် ပြန်တော့မယ်»

ကားတံခါးဖွင့်ဖို့ပြင်နေတဲ့ထယ်ယုံးကြောင့် ဒိုယောင်း ဒေါသကထခနဲ့ ။ဒါက ဘယ်လိုအ‌ခြေအနေကြီးလဲ။ဒိုယောင်းဆီက အဖြေမလိုချင်တော့ဘူးလား။ထယ်ယုံးဖွင့်နေတဲ့ကားမှန်ကို လက်ဖြင့် တွန်း၍ ဒိုယောင်းပိတ်လိုက်တော့ ထယ်ယုံးအကြည့်တွေက ဒိုယောင်းဆီရောက်လာသည်။ဝမ်းနည်းခြင်းတွေနှင့်အတူ ငိုချ‌တော့မဲ့မျက်ဝန်းလေးတွေက ဒိုယောင်းကို စိတ်ရှုပ်စေသည်။ဘယ်သူ ငြင်းရသေးလို့လဲ။

YOU KNOW Where stories live. Discover now