N

226 37 8
                                    

UNI...




ထယ်ယုံး ကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းကို သီဆိုခွင့်ရတဲ့သူက ဒိုယောင်းဆိုတာ သိလိုက်ရသည့်အချိန်မှာ ဒိုယောင်း ခံစားချက်တွေကပြာယာခတ်သွားသည်။သီချင်းက လုံးဝ အချစ်သီချင်းဖြစ်နေပြီး ရေးစပ်ထားတဲ့သူ ထယ်ယုံး။ဘယ်လိုပဲ တွေးတွေး၊ဒါဟာ ရင်ခုန်စရာကိစ္စတစ်ခုပင်။ကိုယ့်သဘောကျတဲ့သူ ရေးစပ်ထားတဲ့အချစ်သီချင်းက ကိုယ်ကိုရည်ညွှန်းထားတာ မဟုတ်ပေမယ့်
ထယ်ယုံးရဲ့ «ဒီသီချင်းက မင်းနဲ့ အလိုက်ဖက်ဆုံး»ဆိုတဲ့စကားက နားထဲက မထွက်။ထယ်ယုံးစကားက ဒိုယောင်းကို အတွေးအမျိုးမျိုး ပေးနေသည်။

လိုက်ဖက်တယ် ဆိုတာ ဘာလဲ။အသံလား။တစ်ခြား အမျိုးမျိုးသော အကြောင်းပြချက်တွေထဲမှ ဒိုယောင်းကတော့ ကိုယ်ဘက် ကိုရပ်ကာ တွေးပစ်မိသည်။ထယ်ယုံးက ဒိုယောင်းကို သဘောကျနေတာ သေချာနေပြီ။

«🎵 Thousands of miles ...ဘာမှမဆုံးဖြတ်နဲ့။
နှလုံးသားက ဦးဆောင်းတဲ့အတိုင်း 🎵...အဲ့နေရာကို အချစ်တွေပြည့်နေတဲ့ပုံစံလေးနဲ့ ဆိုစေချင်တယ်»

အရှေ့ကနေ ထယ်ယုံးပြောသည့်အတိုင်း ဒိုယောင်း ကြိုးစားပြီး ဆိုကြည့်ပေမယ့် ထယ်ယုံးက သဘောမကျဘူး ဖြစ်နေသည်။ထပ်တလဲလဲ ဆိုခိုင်းလျက် လေ့ကျင့်ခိုင်းနေသည်။

«အာ...မသိတော့ဘူးဗျာ..~»

နားပေါ်မှာ Headphonesကို ဆွဲဖြုတ်လိုက်ပြီး လည်ပင်းပေါ် တင်လျက် ဒိုယောင်း ညည်းညူးမိသည်။ဒီနေရာကို ထယ်ယုံး ပြန်ဆိုခိုင်းနေတာ ဘယ်နှခါရှိနေပြီလဲ။တမင် ဒိုယောင်းကို ညစ်ပတ်နေတာများလား။ဒိုယောင်းမျက်နှာကို အချိန်အကြာကြီး မြင်ချင်လို့လေ။သူ မြင်ချင်တာ အရေးမကြီးဘူး။ဒိုယောင်းက အတန်းချိန်တွေ ဖျတ်ပြီး သူဆီ အသံလာသွင်းနေရတာ။စာတွေ မလိုက်နိုင်ရင် အဲ့လူ အီထယ်ယုံးကြောင့်ပဲ။

«ငါပြောပြမယ်...သေချာနားထောင် !»

ထယ်ယုံးက ဒိုယောင်းဆီလာပြီး သူလိုချင်တဲ့ပုံစံကို လာပြောပြသည်။ဘယ်လိုလုပ်ရမလဲ။ဒိုယောင်းမှာ အချစ်အကြောင်း သေချာ နားမလည်တာ။

YOU KNOW Where stories live. Discover now