O

215 43 3
                                    

UNI....

ဂုံမြောင်ဟျောင်းရဲ့ ဇာတ်ကားမိတ်ဆတ်ပွဲကို တက်ရောက်ဖို့ စိတ်ကူးမရှိခဲ့ပေမယ့် ထယ်ယုံးက ဒိုယောင်းကို အတင်းလာခေါ်သည်။ဂုံမြောင်
ဟျောင်းကိုယ်တိုင်ကလည်း သူ့ပွဲကို တတ်ဖို့ အတင်းဖိတ်လေတော့ ဒိုယောင်းမှာ မငြင်းနိုင်တော့ပေ။ပွဲတတ်ဝတ်စုံကအစ ဂုံမြောင်ဟျောင်းကိုယ်တိုင် စီစဉ်ပေးထားပြီး ဝတ်စုံလာပို့သူက ထယ်ယုံးဖြစ်နေသည်။ထယ်ယုံးနဲ့ အတူတူပွဲမတတ်ချင်တာ မဟုတ်ပေမယ့် တွဲသွားရမှာကို ရင်တလှပ်လှပ်ဖြစ်ရသည်။ဖေဖေနဲ့မေမေသာ ဂျပန်က ပြန်လာဖို့ ဆုတောင်းမိသည်။အကယ်၍များ ချက်ချင်းရောက်ချလာရင် ထယ်ယုံးနဲ့ အတူပွဲတတ်စရာမလိုတော့ဘူး။‌မိသားစု (၃)ယောက် အတူတူသွားဖြစ်မှာ။

«လေယာဉ်လတ်မှတ်မရလို့ ပြန်လာလို့ မရတော့ဘူး»

ဖုန်းလိုင်းထဲမှာ မေမေ့အသံက ဝမ်းနည်းနေသည်။မေမေတို့လည်း ပြန်လာချင်မှာပဲ။သူတို့သားလေးပွဲကို မလွှဲသာလို့ မလာဖြစ်တာပဲ။ဒိုယောင်းက အားပေးစရာပြောရမှာပေါ့။

«ရတယ်..မေမေ။နောက်ပွဲတွေ တတ်လို့ ရတာပဲ။ဝမ်းမနည်းပါနဲ့..ဟျောင်းလည်း နားလည်ပါတယ်»

«ပွဲရောက်ရင် ဓာတ်ပုံတွေ ရိုက်ပို့ပေးဦးနော်။‌မေမေ့သားတွေ ဘယ်လောက်ချောသလဲ ဒီမှာ ကြွားချင်လို့ »

«အများကြီး ရိုက်ခဲ့ပေးမယ်»

«မေမေ ဖုန်းချတော့မယ်။အစည်းအဝေး ရှိသေးလို့ »

«ဟုတ်ကဲ့...ချစ်တယ်နော် »

«မေမေလည်း သားကို ချစ်တယ်»

«အခုထိ အမေနဲ့ ဖုန်းပြောရင် ကလေးလို လုပ်နေတုန်းပဲလား»

«အမလေးး»

ရင်ဘတ်ပေါ် လက်တင်လျက် ဒိုယောင်း လန့်သွားသည်။အကြောင်းကတော့ အသံမပေးဘဲ အနောက်က ရောက်လာတဲ့အီထယ်ယုံးကြောင့်ပါပဲ။လူကို လန့်သေအောင် လုပ်နေတယ်။

«အသံလေး ဘာလေး မပေးဘူး»

ဒိုယောင်းရဲ့ ဆူပုတ်ပုတ်စကားကို ထယ်ယုံးက ဘာမှပြန်မပြောဘဲ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက် ထည့်လျက် ဒိုယောင်းကို စိုက်ကြည့်လာသည်။ထယ်ယုံးရဲ့ ပုံစံက စမတ်ကျပြီး ဆွဲဆောင်မှုရှိလွန်းလို့ ဒိုယောင်းမှာ အကြည့်မလွှဲနိုင်ဘူး။ဒို‌ယောင်းကို စိုက်ကြည့်နေတဲ့ထယ်ယုံးမျက်ဝန်းတွေကို ‌ပြန်လည်ငေးမောကြည့်နေမိသည်။
ထယ်ယုံးက ပုံမှန်ဆို ဆံပင်တွေကို ချထားပြီး ပုံမသွင်းဘဲ လူငယ်ဆန်ဆန်နေ‌တတ်သည်။အဲ့ပုံစံက ထယ်ယုံးကို ပိုပြီးနုပျိုစေပေမယ့် ခန့်ညားလွန်းတဲ့ထယ်ယုံးပုံစံက မျက်တောင်ခတ်ရမှာတောင် နှမြောသတဖြစ်ရသည့်အထိ ချောမောနေသည်။

YOU KNOW Where stories live. Discover now