K

231 41 7
                                    

UNI...

ဒိုယောင်းမှာ စာကို အာရုံစိုက်၍ မရ။အကြောင်းအရာအစုံ ခေါင်းထဲ ပစ်လာလျက် စိတ်တွေက ဟိုလွှင့်၊ဒီလွှင့်ဖြင့်။ပါမောက္ခရဲ့ပို့ချချက်တွေလည်း နားထဲ မဝင်။စိတ်တွေပျံ့နှံ့နေပုံများ လိုက်ထိန်းလို့ပင် မရဖြစ်နေသည်။ပထမဆုံး ကျောင်းဆင်းချိန်ကို စဉ်းစားမိတော့ ဟျောင်း
လာကြိုမှာကို ပြေးသတိရသည်။တစ်ဆက်တည်းမှာပဲ ဟျောင်းရဲ့သူငယ်ချင်းဖြစ်သူ မျက်နှာကိုမြင်ယောင်လာသည်။ကလေးရုပ်နှင့် ထိုလူက ဟျောင်းဘေးနား သေးကွေးနေတာ ဟျောင်းသူငယ်ချင်းတဲ့‌လေ။အဲ့လူနေရာမှာ ဒိုယောင်း
သာဆို ရှက်လွန်းလို့ လူကောင်ထွားတဲ့သူတွေနဲ့ သူငယ်ချင်းမလုပ်ဘူး။ကြည့်ရတာ အဲ့လူက အရိုးတွေပဲ ရှိမဲ့ပုံပဲ။

ဘာဖြစ်ဖြစ် အနေအေးတာကတော့ စိတ်တိုင်းကျစရာပဲ။အဲ့လူက ဇာတ်ညွှန်းရေးဆရာဆိုလို့ ဒိုယောင်းမှာ သူ့နာမည်ပါတဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ဖြစ်သေးသည်။မဆိုးပါဘူး။ဇာတ်လမ်းကောင်းတွေ ဖန်းတီးနိုင်တဲ့အ‌ရည်ချင်းတွေ အဲ့လူမှာ ရှိတယ်။တစ်ခုပါပဲ။ကန်စွန်းဥခြောက်ကို
စိတ်တ္တဇဆန်ဆန် စွဲလမ်းနေတာ။

ကြွေချင်စရာကောင်းတဲ့ရုပ်ရည်က ဒိုယောင်းကို စွဲလမ်းသွားစေသော်ငြား အဲ့လူကတော့ ဒိုယောင်းရဲ့ဟင်းချက်လက်ရာကို‌လည်း မစွဲလမ်းသွားဘူး။
ဒိုယောင်းရဲ့ချစ်စဖွယ် ရန်တွေ့ပုံတွေလည်း မစွဲလမ်းသွားဘူး။ ကန်စွန်းဥမှာ ကန်စွန်းဥပါပဲ။
စတိုးဆိုင်မှာ တွေ့လိုက်တိုင်း ကန်စွန်းဥခြောက်ထုပ်တွေ တပွေ့တပိုက်နှင့် အမြင်ကပ်စရာကောင်းလွန်းသည်။

နောက်နေ့.. မဟုတ်ဘူး . ဒီနေ့။ကျောင်းဆင်းရင် စတိုးဆိုင်ကို ချက်ချင်းသွားပြီး ကန်စွန်းဥခြောက်
မုန့်တွေကို အကုန်ဝယ်ပစ်ရမယ်။ပြီးရင် အဲ့လူမျက်နှာကို ကန်စွန်းဥခြောက်မုန့်နဲ့ ပစ်ပေါက်ဦးမယ်။ကြည့်နေ။ခဗျား ကျွန်တော့်လက်က မလွှတ်ပါဘူး အီထယ်ယုံး။

အမြင်ကပ်စရာကောင်းတဲ့အီထယ်ယုံးမျက်နှာမြင်ယောင်လေတော့ ဒေါသတွေက ထောင်ခနဲ့။မုန်းချင်စရာကြီး။ဒိုယောင်းကို ဟျောင်းအဝတ်အစားယူဝတ်လို့ သူခိုးတဲ့။ကြည့်နေ...ဒီက သူ‌ခိုးက
ခဗျား အဝတ်အစားတွေပါ ခိုးဝတ်ပစ်အုံးမှာ။

YOU KNOW Where stories live. Discover now