O

272 41 18
                                    

UNI....

ထယ်ယုံး အခုရက်ပိုင်း ဇာတ်ညွှန်းရေးရင်း တစ်ခါတစ်ခါ အတွေးအာရုံထဲ ရောက်လာတတ်သည့် ဆူပုတ်ပုတ်ကောင်လေးကြောင့် သီချင်းတွေပါ ဖန်တီးဖြစ်သည်။ဘာခံစားချက်ရယ်လို့ အမည်မတပ်ဘဲ စိတ်ထဲပေါ်ရာ ရေးသားမိပြီးမှ အချစ်သီချင်းဖြစ်နေ၍ အတော် ထိန့်လန့်သွားခဲ့သည်။ထယ်ယုံး စိတ်ဝင်စားခဲ့မိတာ ဒိုယောင်းရဲ့အကျင့်စရိုက်ကို မဟုတ်ဘဲ လူကိုများလား။မဖြစ်နိုင်တာ။ထယ်ယုံးကြွေလောက်တဲ့အထိ ဒိုယောင်းက ချောနေတာမှ မဟုတ်တာ။သာမန်ပဲ။သာမန်ပါပဲ။နည်းနည်းလေးမှ မချောဘူး။ချစ်ဖို့ လုံးဝ မကောင်းဘူး။

ကန်စွန်းဥခြောက် စားရမည်။မကောင်းတဲ့အတွေးတွေ ပျောက်ကွယ်သွားတဲ့အထိ စားပစ်ရမည်။
စားစရာထည့်ထားတဲ့ခြင်းထဲ ဟိုမွှေ၊ဒီ‌မွှေလုပ်တော့ ကံကောင်းထောက်မစွာဖြင့် ကန်စွန်းဥခြောက်က ကုန်နေပြန်သည်။ဘာလို့ ထယ်ယုံးရဲ့ ကန်စွန်းဥခြောက်တွေ ခဏ ခဏ ကုန်နေရတာလဲ။ဘယ်လောက်ဝယ်ဝယ်၊နောက်နေ့ဆို မရှိတော့ဘူး။ထယ်ယုံးလည်း သိပ်မစားပါဘူး။တစ်ခါစား သုံးထုပ်လောက်ပဲ ၊တစ်နေ့ကို ငါးကြိမ်ပဲ စားတာ။

ကန်စွန်းဥခြောက် မစားရရင် မနေနိုင်သူမို့ အပေါ်ထပ် လက်ရှည်တစ်ထည်ဝတ်၍ နှစ်လမ်းကျော်က စတိုးဆိုင်ဆီကို ခပ်သွယ်သွယ် လျှောက်လာဖြစ်သည်။ရိပ်ခနဲ့ မြင်လိုက်ရသည့် အရိပ်ကြောင့် ထယ်ယုံးအနောက်မှာ အမြန်လိုက်၍ ခေါင်းစွပ်ကို လှမ်းဆွဲလိုက်သည်။

«မင်းသားက ညကြီး မိုးချုပ် ဘာလာလုပ်တာလဲ ဟမ်»

«ခဗျား..ဟာ ..တကယ်ပါပဲ»

ထယ်ယုံး ဆွဲထားတဲ့ခေါင်းစွပ်ကို လွှတ်ချပေးလိုက်ပြီးမှ လူက ကြောင်အမ်အမ်ဖြစ်နေသည်။သေချာပေါက် ဒိုယောင်းဝတ်ထားတဲ့အင်္ကျီက ဂုံမြောင်အင်္ကျီပါ။

«ဆောရီး။ငါက ဂုံမြောင်ထင်သွားလို့»

«နောက်ဆို အခုလို အပြုအမှုမျိုး ဆင်ခြေပေးပါ»

စတိုးဆိုင်ထဲ ဒေါနှင့်မောနှင့် ဝင်သွားတဲ့ဒိုယောင်းကြောင့် ထယ်ယုံး အနောက်မှာ ခပ်ခွာခွာလိုက်ရသည်။တော်ကြာ ထပ်အော်နေမှာဖြင့် အရှက်ကွဲရချည်းရဲ့။

YOU KNOW Where stories live. Discover now