အပိုင်း ၁ (ခ)

1.6K 101 0
                                    

ဒီခွဲစိတ်မှုကြီးပြီးစီးပြီး အတော်ကြာလာတဲ့အခါမှာ Thianဆီမှာ ဘာကူးစက်ရောဂါမှမရှိတော့သလို... သူ့ရဲ့နှလုံးအသစ်နဲ့ သူနဲ့ အဆင်မပြေတဲ့လက္ခဏာတွေ တစ်ခုမှမရှိတော့ကြောင်း ဆရာဝန်တွေဘက်က အတည်ပြုလာတာကြောင့် အားအင်ပြည့်ဝလာအောင် ကုသပေးဖို့အတွက် ICUထဲကနေ ပြင်ပလူနာအခန်းသို့ ရွေ့ပြောင်းလိုက်ရသည်။ ဒါပေမယ့် စစ်ဆေးချက်တွေနှင့် အချိန်စာရင်းတွေအရ တင်းကြပ်တဲ့စောင့်ကြည့်မှုတွေအောက်မှာ နေရသည်။

သုံးပတ်နီးပါးဖြတ်ကျော်လာပြီးတဲ့အခါမှာတော့ Tianရဲ့ဘဝက သူ့ရင်ဘတ်ထဲက နှလုံးသားအသစ်နှင့်အတူ ပြန်လည်စတင်လာသည်။ သူ မေ့ပစ်ဖို့အတွက် ကြိုးစားနေမိသည်... သူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအချို့က သူ မပိုင်ဘူးလို့ ပြောနေတဲ့အတွေးတွေကို မေ့ပစ်ဖို့ ကြိုးစားမိသည်။ သူ့ခေါင်းထဲမှာ 'အဲ့နှလုံးသား'က ဘယ်သူပိုင်တာလဲဆိုတာကိုဘဲ စဉ်းစားနေမိသည်။

ဒါပေမယ့် အလှူရှင်ရဲ့အချက်အလက်တွေအားလုံးကို လျို့ဝှက်ထားရတယ်ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းခြင်းရဲ့ အခြေခံစည်းကမ်းချက်တစ်ခုပဲဆိုတာကို ကျွန်တော် သိသည်။ ဘာလို့လဲဆိုတော့ အလှူရှင်အသိုင်းအဝိုင်းဘက်က လူနာအပေါ် ခြိမ်းခြောက်လာတာ... ငွေညစ်တာ... ဒီအခြေအနေကို အခြေခံပြီးတော့ အကျိုးစီးပွားအတွက် ရင်းနှီးမှုရယူလာမှာတွေရှိတယ်လေ...

ငယ်ရွယ်တဲ့ကျောင်းသားလေးက လူနာဝတ်စုံအပြာရောင်လေးကို ဝတ်ဆင်ထားကာ သန့်ရှင်းနေတဲ့လေတွေကို ရှုရှိုက်ရင်း ပြတင်းပေါက်အပြင်ဘက်က အရာအားလုံးကို ငေးကြည့်နေမိသည်။ နေရောင်ခြည်ကျရောက်နေတဲ့အသားရည်တွေက အရင်တုန်းလိုမျိုး ကြောက်စရာကောင်းတဲ့အထိ ဖြူဖျော့မနေတော့ဘဲ ပါးပြင်နှင့် နူတ်ခမ်းသားလေးတွေက ပန်းရောင်လေးသန်းနေတာကြောင့် ကြည့်ရတာ 'အစားထိုးနှလုံးအသစ်'က သူ့ကို ပိုင်ရှင်အသစ်အနေနဲ့ သတ်မှတ်လိုက်ပြီထင်သည်။

အရင်က အရိုးပဲကျန်တော့တဲ့ သူ့ရဲ့လက်တွေကို ကြည့်လိုက်မိသည်။ အခုအချိန်မှာတော့ ဆေးရုံရဲ့ စားသောက်မှုပုံစံအစီအစဉ်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်က မပိန်တော့... ပိုပြီးတော့လည်း ကြည့်ကောင်းလာသည်။ အရင်ကလို သူ့ကိုယ်သူ ညည်းပန်းနှိပ်စက်ဖို့အတွက် အရက်တွေကြားထဲ နှစ်မြုပ်မနေတော့ပါ။

A Tale Of Thousand Stars (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora