အချပ်ပို ၃

343 19 0
                                    

ညအမှောင်က ကျရောက်လာခဲ့ပြီ။ အေးစက်နေတဲ့လေပြေလေညှင်းလေးတွေက တစ်ထပ်အိမ်ရဲ့လသာဆောင်အသေးလေးပေါ်မှာ ဒူးနှစ်ဖက်ကို ဖက်ပြီး ထိုင်နေတဲ့ကောင်လေးရဲ့အရေပြားတွေဆီ တိုးဝှေ့လာသည်။ သူ့ရဲ့အကြည့်တွေက အမှောင်ထုတွေနှင့် ပြည့်နှက်နေတဲ့ယာခင်းကြီးကိုပဲ စိုက်ကြည့်နေကြတာ... သူ့ရဲ့နားနှစ်ဖက်ထဲ ကြားနေရတဲ့ ပုရစ်အော်သံတွေ၊ ရေစီးနေတဲ့အသံလေးတွေကို တည်ငြိမ်တဲ့စိတ်နှင့် နားထောင်နေပေမယ့် အရွယ်အစားကြီးမားလွန်းတဲ့လူတစ်ယောက်က သူ့ဆီ လျောက်လာပြီး သူ့နား ထိုင်လိုက်တဲ့အချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုလူကြီးရဲ့ခန္ဓာကိုယ်ကြောင့် နဂိုကတည်းက ကျဉ်းမြောင်းနေတဲ့လသာဆောင်လေးက ပိုပြိးတော့ ကျဉ်းသွားသည်။ သို့သော် ဒီနေရာမှာ အရင်ဦးဆုံး ထိုင်နေတဲ့ကောငျလေးက လုံးဝမတိုးပေး... အဲ့ဒီအစား Thianက သူ့ချစ်သူရဲ့လက်မောင်းကြီးကို ပွေ့ဖက်ပြီးတော့ သူ့ရဲ့ခေါင်းလေးကို မှေးတင်လိုက်ကာ ရေချိုးပြီးခါစ ခန္ဓာကိုယ်ပေါ်က ထွက်လာတဲ့ဆပ်ပြာနံ့လေးတွေကို ရှုသွင်းနေမိသည်။

'မင်း ဘာလို့ အပြင်မှာ ထွက်ထိုင်နေတာလဲ။ ခြင်ချီသွားဦးမယ်'

မြို့သားလေးက သူ့ကို ဆူနေတာတောင်မှ သဘောကျစွာနှင့် ခပ်တိုးတိုးလေး ရယ်လိုက်ပြီးတော့... 'ဘာကို ကြောက်နေရမှာလဲဗျာ... ခြင်မောင်းပေးမယ့် ဗိုလ်ကြီးတစ်ယောက်လုံး ရှိနေတာပဲ... သူတို့တွေကသာ M 16သေနတ်နဲ့ ပစ်သတ်ခံရမှာကို ကြောက်နေရမှာ...'

ဗိုလ်မှူးPhuPhaက သူ့အား ကျီဆယ်ပြီး စနောက်နေတဲ့ကောင်လေးရဲ့ဆံပင်ကို ရှုပ်ထွေးသွားတဲ့အထိ ဖွပြီးတော့မှ သူတို့နှစ်ယောက်တည်း ရှိနေတုန်းလေးမှာ နေ့လည်တုန်းက သွားလည်ခဲ့တဲ့အကြောင်းတွေကို မေးမြန်းလိုက်သည်။

'ဦးလေးDaeနဲ့ ရွာထဲလျောက်လည်တာ အဆင်ပြေရဲ့လား'

'အရမ်းပူပေမယ့် ပျော်ဖို့ကောင်းတယ်။ ပြီးတော့ ကျွန်တော် အများကြီး သင်ယူခဲ့ရတာ... ဘဝမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပေါ့...' ပြောနေတဲ့လူက အတွေးထဲ ရောက်သွားသလိုမျိုး နောက်ဆုံးစကားလေးက မှေးမှိန်သွားခဲ့သည်။

A Tale Of Thousand Stars (မြန်မာဘာသာပြန်)Where stories live. Discover now