အပိုင်း ၁

2.3K 111 2
                                    


လက်တို့စာ..........

ဒါဟာ ဆယ်ကျော်သက်ကျောင်းသားဘဝရဲ့ လက်တည့်စမ်းတတ်တဲ့ အကျင့်လေးတွေနဲ့ စူးစမ်းတတ်တဲ့ အရွယ်ကစတယ်။

အများအားဖြင့် ပေါက်တတ်ကရလုပ်ရတာ ကြိုက်တယ် ပျော်ရွင်ဖို့ ထိုက်တန်တဲ့အရွယ်။

" အသည်းလေး  ကိုယ်ကို နမ်း"

Fuck!

"ဝမ်ရိပေါ်....."

ဒီလိုဆို ပိုကျေနပ်စရာလဲကောင်းတယ်။ ရှောင်းကျန့်က မျက်စောင်းလှလှလေးနဲ့ သူ့ကို အော်ရင် သူ့မှာ ရှောင်းကျန့်ရဲ့ချစ်စရာကောင်းတာထပ်ကျော်လွန်ပြီး အသဲယားအောင်လုပ်တယ်လို့ပဲ မြင်နေတော့တာပဲ။

ကိစ္စတွေကအလယ်တန်းနောက်ဆုံးနှစ်က စတယ်။

တောင်ဝှေ့လိုထီးကိုင်းရှည်ကို ကျောင်းသွားတိုင် ကိုင်တတ်တဲ့အကျင့်လေးနဲ့ ရှောင်းကျန့်။ အမြဲတမ်း လမ်းထိပ်က ကျောင်းကားဂိတ်မှာ ဂျစ်ကန်ကန် ပြောင်ချော်ချော် ချာတိတ်လေး ဝမ်ရိပေါ်ကို ကြိုစောင့်နေတတ်တယ်။

၁၃နှစ်သားလေး ဝမ်ရိပေါ်။ ၁၃နှစ်သားလေးရှောင်းကျန့်။ သူတို့နှစ်ယောက်က နေ့တိုင်းတူတူ ကျောင်းသွားကြတယ် ။အေးဆေးတဲ့ရှောင်းကျန့်လေးက ဝမ်ရိပေါ်ရဲ့ပျော်ရွှင်ရာလေး။သူတို့နှစ်ယောက်က ခွဲလို့ရရဲ့လား။

"ရိပေါ်.....လွယ်အိတ်ကို ကိုယ့်ဘာသာလွယ်လေ"

"ဟင်းအင်း...ယူပေး"

အဲ့လိုအနိုင်ကျင့်ပြီးတော့...ရှောင်းကျန့်လက်ကထီးကိုသူကယူတယ်။ လက်တစ်ဖတ်ကို ကိုင်ပြီး ကျောင်းကားစီးတယ်။ဒါဟာ ရှောင်းကျန့်နဲ့ အလယ်တန်းနောက်ဆုံးနှစ်ထိ အတူတူရှိခဲ့တယ်။

🥂

ဘာလို့လဲမသိဘူး။ ဝမ်ရိပေါ်က ရှောင်းကျန့် အထက်တန်း စတတ်တည်းက ကလိနေတယ်။ဝမ်ရိပေါ်က သူ့ရဲ့ခါးကိုဖတ်ထားပြီး သူ့နှာခေါင်ကို ရှောင်းကျန့်ရဲ့ ပါးနဲ့ပွတ်နေရတာကို ကြိုက်တယ်။ အဲ့အခါကျရင် ရှောင်းကျန့်က အဲ့နှာခေါင်းလုံးလုံးလေးကို လိုက်ကိုက်တတ်တယ်။အဲ့လိုလေး ကလူးရတာကို သူတို့နှစ်ယောက် တကယ်ကို ပျော်တယ်။

နွံ    [Mud]Where stories live. Discover now