အပိုင်း ၁၁

815 51 2
                                    

  ရှောင်းကျန့် အခုတစ်လော စိတ်ဓာတ်ကျနေတယ်။ ပြဿနာအသေးစားလေးတွေလဲ ဒီတစ်ပတ်အတွင်း တတ်နေတယ်။ သူ့မှာ ညဆိုလဲကောင်းကောင်းအိပ်မပျော်ဘူး။ လုံခြုံနွေးထွေးတဲ့ ရင်ခွင်ကြီးကိုသူအလုပ်ပေးထားလို့။ နေ့ဖတ်တွေဆိုလဲ ​သူ့ကိုယ်သူစိတ်တိုင်းမကျ။မြင်တွေ့နေရတဲ့ သူတွေကိုတောင် စိတ်တိုင်းမကျ။ ပညာသင်ပေးတဲ့ ဆရာတွေကိုလဲ စိတ်တိုင်းမကျ။ အဲ့ဒီပြဿနာအသေးစား လေးတွေကို ဖြေရှင်းဖို့ ဖုန်းခေါ်နေတာ ဖုန်းလိုင်းက "တူ  တူ  တူ"ဆိုတာကြည့်ပဲ။

  တကယ်ဆို ဝမ်ရိပေါ်က သူ့ကိုခေါ်ပါတယ်။
ရှောင်းကျန့် တစ်ယောက် မှိုင်ထွေးထွေးလေး ဖြစ်နေတာကို bgနဲ့ အိမ်တော်ထိန်းက မေးရှာပါတယ်။ နေမကောင်းလို့လာပေါ့။ တစ်ခြားအကြောင်းအရာ ကတော့မမေးဘူးလေ။ သူကိုယ်တိုင်က ဝမ်ရိပေါ်ရဲ့ အလုပ်တွေကို စီမံပေးလိုက်တာကို။

"အာ.ယာ..ဖုန်းကဘာလို့ခေါ်မရလဲ မသိဘူး"

ပါးစပ်ကနေလဲ စောင့်အောင့်ပြီး ရေရွတ်တယ်။

"အီး....လွမ်းတယ်...လို့"

ဖုန်းခေါ်မရတာကြောင့်   ငိုချင်သလိုသူဖြစ်လာတယ်။

တစ်ဖတ်က ဝမ်ရိပေါ်မှာတော့ ရှောင်းကျန့်ရဲ့ အကြံပေးမှု အစီအစဥ်နဲ့ နယ်ဖတ်တွေက ပရဟိတ အလုပ်တွေမှာ ပါဝင်ကူညီနေရတယ်။ ဘာလို့ဆို ရှောင်းကျန့်က Dayoneဆိုတဲ့ ဖောင်းဒေးရှင်း အသစ်ဖွင့်လှစ်ထားတယ်။ ဥက္ကကတော့ အမတ်လောင်း အရွေးခံရမဲ့ပုဂ္ဂိုလ် ဝမ်ရိပေါ်ပဲပေါ့။ ဒါကြောင့် ရှောင်းကျန့်ရဲ့ အစီအစဥ်ကောင်းမှုကြောင့် တိဘတ်နယ်က တောင်တန်းတွေပေါ်ရောက်​နေတယ်။ သူ့ဖုန်းလိုင်းက မမိဘူးလေ။သေချာတွက်ကြည့်မယ်ဆို ၁၃ရက်နဲ့ နာရီ ၁၆နာရီရှိပြီ။ တကယ်တော့ တိဘတ်နယ်ဘက်က မူလတန်းကျောင်းတွေက ပညာသင်ပစ္စည်းတွေထောက်ပံ့ရေးအတွက် ဝမ်လုပ်ငန်းစုက နှစ်တိုင်းလုပ်နေကြ။ အခုတော့ အမတ်လောင်းလေး ကို မဲဆွယ်စည်းရုံးရေး လွှတ်လိုက်တဲ့ သူ့ချစ်ခင်ပွန်းလေးကို လွမ်းနေပြီ။ ဖုန်းလိုင်းတိုင်က တစ်ချောင်းကတည်းရယ်။အဲ့တစ်ချောင်းကလဲ တစ်ခါတစ်လေ ကြက်ခြေခတ်လေး ဖြစ်ဖြစ်သွားတယ်။ နယ်ကစက်သွယ်ရေး ရုံးကလဲ အလုပ်သက်သက်ပဲ သုံးတာမို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကြောင့် အလုပ်မရှုပ်စေချင်ဘူးလေ။

နွံ    [Mud]जहाँ कहानियाँ रहती हैं। अभी खोजें