အပိုင်း ၇

837 64 4
                                    

 
     ဝမ်ရိပေါ်တစ်ယောက် လေ့ကျင့်ရေးခန်းမထဲက သဲအိတ်ကြီးကို မကျေနပ်မှုဒေါသတွေနဲ့ ထိုးကြိတ်နေတယ်။ ဘယ်သူ့ကိုမကျေနပ်တာလဲဆိုတော့ ဘယ်သူ့မှမရှိဘူး။ အဲ့လိုဒေါသထွက်နေတဲ့ ကောင်ဆိုးလေးကို သက်တော်စောင့် ခေါင်းဆောင်ကြီးက ပြောလိုက်တယ်။

"သခင်လေး....လက်ဝှေ့လေ့ကျင့်ခန်း အချိန်ပြီးပါပြီ"

"ရ..ရ...ရ...ဟ"

ပေါက်ကွဲစွာအော်ဟစ်လိုက်တယ်။ သူထင်တာက သူ့အဖေက သူ့အပေါ်ဒီလောက် ထိန်းလိမ့်မယ်လို့ မထင်ဘူးလေ။ အခုတော့ တစ်ပတ်လုံး သူ့အသည်းနဲ့ ကြည်းနူးခဲ့တာ ဝတယ်လို့ မထင်တော့ဘူး။ ဘာတဲ့။ အချိန်ဇယားအတိုင်းပဲ လုပ်ရမယ်ဆိုပဲ။ မနက် ၅နာရီထ။ အပြေးလေ့ကျင့်။ ရေကူး။မနက်စာစား ။ အုပ်ချုပ်ရေးအတန်းတတ်။ ပြီးတော့ သေနပ်ပစ်လေ့ကျင့်။ gym ဆော့ ။ ကုမဏ္ဏီအတန်းတတ်။ ဟာ့။ သောက်ချီပဲ။ fuck။ သူကသခင်လေးလေ။ သူကသခင်လေး။
   ဒါပေမဲ့ ဝမ်ရိပေါ်မှာ အကြောင်းပြချက် ပေးပြီး မကျေနပ်ကြောင်း ပြောလို့မရပြန်ဘူး။ ဘာလို့ဆို သူ့အသည်းကိုယ်တိုင်းက အချိန်ဇယား ဆွဲပေးလိုက်တာမို့ပါ။ တကယ်ဆို သူ့အဖေရဲ့ သက်တော်စောင့်တွေက ဒီထပ်ပိုလေ့ကျင့်ရေး တွေ ။စစ်စင်ရေးတွေ ပိုလုပ်ရပါတယ်။ သူက သက်တော်စောင့်မဟုတ်ပဲ သခင်လေးဖြစ်နေတဲ့အတွက် ကိုယ်ကို ကာကွယ်နိုင်အောင် သင်ရတဲ့သဘောပါ။

"ရိပေါ်....အသက်ငယ်တဲ့ကိုကို.....ပင်ပန်းလာပြီလား?"

ဝမ်ရိပေါ် လေ့ကျင့်ရေး ခန်းမကနေပြန်လာချိန်မှာ သူ့အသည်းက အိမ်မှာကြိုနေတော့လဲ မကျေပ်တာမရှိတော့ပါဘူး။

"အင်း"

"ဘာကြီးလဲ....စူပုတ်ပုတ်ရုပ်ကြီးနဲ့......ဟားဟား..... ဒီနေ့အဆင်ပြေရဲ့လား"

ရှောင်းကျန့်က သူ့ရင်ခွင်ထဲပစ်ကျလာတဲ့ ကိုယ်လုံးကိုထွေးဖတ်ထားလိုက်တယ်။ လေ့ကျင့်ခန်းတွေရဲ့အစမှာ ကိုယ်လက်နာနေတဲ့ ဝမ်ရိပေါ်ကတော့ ဒီရင်ခွင်ထဲရောက်တာနဲ့ သက်သာသွားတယ်။

"အသည်း....မင်းကအခုထိစာတွေလုပ်ရတုန်းလား?"

စတီစားပွဲပေါ်မှာ တင်ထားတဲ့ စာရွက်တွေဖိုင်တွေက များတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့မတူဘူး။ သူက ဝမ်လူကြီးမင်းကို သူ့ရဲ့ရည်ရွယ်ပြောပြလိုက်တဲ့အခါ ဝမ်လူကြီးမင်းက သူ့ကိုပြောတယ်။ "ကျန့်ကျန့် ဖြစ်ချင်ရင် ကျန့်ကျန့် ရအောင်လုပ်တဲ့" အဲ့တော့ သူကြိုးစားရမှာ။

နွံ    [Mud]Hikayelerin yaşadığı yer. Şimdi keşfedin