အပိုင်း ၆

887 77 11
                                    


အခုတော့ အိမ်ထဲမှာ လူစုံနေပြီ။ အဖွားက သူ့မြေးနှစ်ယောက် အတော်ချစ်တယ်။ ဝမ်လူကြီးမင်းအပေါ် လူညစ်လေး လုပ်နေတဲ့ ဝမ်ရိပေါ်ကို အဖွားက ပြောလိုက်တယ်။

"ပေါ်ပေါ်...... ပါးပါး...ကိုစကားကောင်းကောင်းပြောရမယ်လေ"

ဆယ်ကျော်သက်အရွယ် ကောင်ဆိုးလေးက သူ့ရဲ့ အဖေနဲ့လဲတွေ့ရော ဆိုးပြီးချွဲတဲ့ကလေး ပေါက်စလေးပါပဲ။

"အခုမှရောက်တာကို.....တစ်ရက်တောင်မပြည့်သေးဘူး.....။ကျွန်တော် ထိုင်ကြည့်နေတာလေ"

စူပြုတ်ပြုတ်နဲ့ ဂျစ်ကန်ကန် စကားပြောလိုက်တဲ့ သူ့သားကို ဝမ်လူကြီးမင်းက ရိပေါ်ခေါင်းလေး ဖွလိုက်တယ်။ ပြီးတော့ အဖွားဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

"နန်နီနီ........ကျနော်......ရိပေါ်ကို..... အသက်ပြည့်ပွဲ.....အိမ်တော်မှာပဲလုပ်ပေးချင်တယ်"

"အသက်ပြည့်ပွဲ........ဘယ်မှာလဲ?"

အလန့်တကြားထပြောတဲ့ ရိပေါ်ကို အဖွားကသတိပေးလိုက်တယ်။

"ပေါ်ပေါ်.... ပါးပါး စကားကိုနားထောင်"

အဖွားက ဝမ်လူကြီးမင်းရဲ့ စကားကြားတာနဲ့သိတယ်။ ဒါဟာ မရိုးရှင်းဘူး။ အမွေဆက်ခံသူ တစ်ဦးတည်းသော သားလေး မိတ်ဆက်ပွဲ ဖြစ်တယ်။ အဖွားက ​မေးလိုက်တယ်။

"စီစဥ်ထားတာရှိလား......ပေါ်ပေါ်.... လုံခြုံရေးအတွက်"

အဖွားက ဒီလောကကို သူဖျတ်သန်းလာတာ အသက်၂၀ထဲက သူပင်စဥ်ယူခဲ့တာ ၁၀စုနှစ်ပဲကြာသေးတယ်။ နိုင်ငံရေး တိုက်ပွဲထဲမှာ သူ့ကလေးလေးတွေကို အသိလိုက်မသိဘာသာနဲ့ မနေစေချင်တော့ဘူး။ အဲ့တော့ ဝမ်ရိပေါ်ကိုလမ်းကြောင်းထဲ ထဲ့ပေးသင့်ပြီလို့ သူမထင်တယ်။

"ဖွားဖွား....ရိပေါ်က ဘယ်ကိုသွားရမှာလဲ?......အသက်ပြည့်ပွဲက တို့အိမ်မှာပဲ လုပ်လို့မရဘူးလား?"

တစ်ချိန်လုံး....ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ရှောင်းကျန့်ကမေးလိုက်တယ်။

"ကျန့်ကျန့်.....အန်ကယ်...ရိပေါ်ရဲ့ သက်တော်စောင့်တွေကို လုံခြုံရေး စိတ်ချရအောင် လုပ်ထားပြီးပြီ....။ အသက်ပြည့်ပွဲကို......ဝမ်အိမ်တော်မှာ လုပ်မယ်"

နွံ    [Mud]Where stories live. Discover now