အပိုင်း ၁၂

1.5K 71 15
                                    


    ဝမ်ရိပေါ်ရဲ့ ပွေ့ဖတ်ဆွဲခေါ်နေရင်းတောင် ရှောင်းကျန့်မှာ မယုံနိုင်သေးဘူး။

"ပေါ်ပေါ်.....အလုပ်တွေပစ်ထားခဲ့တာလား?"

ဒီလောက်လွမ်းနေရတဲ့ ရင်ခွင်ထဲရောက်တာတောင် တာဝန်ကိုအပြည့်အဝ ယူနေတုန်း။

"အသည်း.....အဲ့အလုပ်တွေအားလုံး... ကို..... ပြီးတယ်.....အခု ကိုကို့တာဝန်ယူ"

ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရင်ခွင်ထဲကနေ ခေါင်းလေးမော့ရင်း သူ့လောင်ကုန်းကို ကြည့်လိုက်တယ်။ အနဲငယ် ကြမ်းချင်နေတဲ့မျက်နာကြောင့် သူဝမ်းနဲသွားတယ်။

"ရေချိုးရမယ်....ဒီအမွှေးတွေ ရှင်းပစ်ရမယ်"

ဝမ်ရိပေါ် မျက်နာပေါ်မှာ ဝက်ခြံဘုတွေထွက်နေတာ။ ပြီးတော့ နေလောင်ထားလို့ အမွှေးကြမ်း တွေထွက်နေပြီ။ မျက်နာကို လက်ချောင်း နုနုလေးတွေနဲ့ တို့ထိရင် ပြောတယ်။

"Ok. ...ကို လွမ်းနေလို့...အသည်းရေချိုးပေး"

တကယ်ဆို တစ်ကိုယ်ရည် သန့်ရှင်းရေးကို ရှောင်းကျန့်က အမြဲဂရုစိုက်တယ်။ ဝမ်ရိပေါ်ရဲ့ မျက်နာပေါ်က အမဲစက်မပြောနဲ့ ဘုလေးထွက်လာရင်တောင် သူမကြိုက်ဘူး။ မျက်နာလိမ်းတဲ့ ခရမ်တွေ အများကြီး ဝယ်ထားတယ်။ မျိုးစုံပဲ။ ​သူ့ရဲ့မျက်နာဆိုထိန်းသိမ်းတတ်လွန်းလို့ မွှေးညှင်းပေါက်လေးတောင်မရှိပဲ နူးအိ နုဖတ်နေတာပဲ။ ဝမ်ရိပေါ်ကျတော့ အဲ့လိုမဟုတ် ဒေါင်းကျကျ ပြားကျကျ နေချလိုက်တာပဲ။ ဒါပေမဲ့ ရှောင်းကျန့်ရဲ့ ဂရုစိုက်မှုကြောင့် သူ့မျက်နာက baby fat လေးတွေရှိချင်နေသေးတယ်။ အခုတော့ သူ့ယောက်ကျားရဲ့ မျက်နာက မေးရိုးတွေထင်းထွက်နေပြီ ဘုတွေနဲ့ အမွှေးကြမ်းတွေထွက်နေပြီ။

"အသည်း....ရေမချိုးခင်းလေး...ကို့ လုပ်လို့ရမလား?"

"ပြန်လာတာ...ပင်ပန်းဘူးလား?..နောက်နေ့မှ လုပ်"

တကယ်လဲ ပင်ပန်းတာ။ သူ သူ့အသည်းကိုပွေ့ဖတ်ပြီး အိပ်ချင်ရုံပါ။ ဒါပေမဲ့ ရှောင်းကျန့်ကို မြင်လိုက်ရတာနဲ့ကို ကြည်ဖြည့်ပြီးသားပဲ။အခုလို စူပုတ်ပုတ်လေးဆို ပိုဆိုးပေါ့။

You've reached the end of published parts.

⏰ Last updated: Jun 01, 2022 ⏰

Add this story to your Library to get notified about new parts!

နွံ    [Mud]Where stories live. Discover now