အပိုင်း ၄

865 86 3
                                    


ပထမအစမ်း စာမေးပွဲက နီးလာပြီ။ရှောင်းကျန့်က ထူးချွန်းဖြေဖို့ စာရွတ်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ ဝမ်ရိပေါ်က စာသင်ချိန်ပြီးတာနဲ့ အပြင်ထွက်ဖို့ပဲ တာဆူနေတာ။အဲ့အခါကျရင် ရှောင်းကျန့်က ဂျွမ်းပိုးစီးပြီး စာလုပ်တယ်။ အပြင်မသွားအောင်။ ဒါပေမဲ့မရပါဘူး။ဂတိမတည်ခဲ့တဲ့ ကောင်လေးကို ပြစ်ချပြီသွားတာပဲ။

"ရိပေါ်........အပြန်နောက်မကျနဲ့နော်"

"Ok. ...အသည်း စာလုပ်"

ဝမ်ရိပေါ်က ငပွေလေး ဆံပင်ကို ခရမ်းပြာရောင် highlights တွေလုပ်ချင်တာ။နွေရာသီ ကျောင်းပိတ်ရက်ကနီးလာပြီဆိုတော့ သူတို့သူငယ်ချင်းတွေမှာ အစီအစဥ်တွေအများကြီးရှိတယ်။ သူကအိမ်ကို ခဏခဏ ပြန်တဲ့အခါ အဖွားရဲ့ မျက်စိအောက်မှာပဲရှိတယ်။အဖွားကပြောတယ်။

"ပေါ်ပေါ်........... ဧည့်သည်လာမှာ"

"ဘယ်သူလဲ"

ဝမ်ရိပေါ်က အဝတ်တွေလျော်နေတာဖြစ်တယ်။သူ့အဝတ်ရော ရှောင်းကျန့်အဝတ်တွေရော။ စာပဲလုပ်နေတဲ့ ကောင်လေးကိုတော့ ဘာမှမလုပ်စေဘူး။သူကိုယ်တိုင်းပဲ ဂရုစိုက်တယ်။

"မင်း..ပါးပါးလေ"

"သူက...ကိစ္စရှိလို့လား?"

ဝမ်ရိပေါ် အဖွားအိမ်မှာ နေတယ်ဆိုပေမဲ့။ သူ့အဖေက ဂရုစိုက်တယ်။သူလိုအပ်တာ မှန်သမျှ အဖွားကနေတစ်ဆင့် အားလုံးရတယ်။ လူကိုယ်တိုင်တော့မလာဘူး။ သူနဲ့အဆက်အသွယ်လုပ်ရင်တောင့် အဆင်ပြေလား? ။ဘာလိုအပ်သေးလဲပဲမေးတယ်။ အခုကလူကိုယ်တိုင်လာမယ်ဆိုတော့ ဘာကြောင့်လဲ။

"အင်း......ပေါ်ပေါ်  ဒီတစ်ပတ်ပိတ်ရက်.....သူလာလိမ့်မယ်"

သူခေါင်းသာငြိမ့်ပြလိုက်တယ်။ သူ့လုပ်စရာရှိတာတွေပြီးတာနဲ့ ထုတ်ပိုးပြီး အဆောင်ပြန်လာတယ်။ ရှောင်းကျန့်က စာသင်ဆောင်ကပြန်မရောက်သေးဘူး။ အခန်းထဲမှာ ပိုင်စန်းကအိပ်နေတယ်။ သူအေးဆေး ခဏနားမှာဖြစ်မယ်။ သူ့အဖေက b city ကနေ သူဆီလာမှာပေါ့။ လိုအပ်ပြီလား။ သူစဥ်းစားကြည့်တယ်။ ငယ်ငယ်တုန်းကတော့ မသိခဲ့ဘူး။ သူ့မားမားဆုံးသွားတော့ သူ့အသက်က ၆နှစ်ပဲရှိသေးတယ်။ ဘာလို့ဆုံးသွားလဲမသိဘူး။သူ့အသက် ၈နှစ်လောက်မှာ အိမ်တော်ထဲကို သူ့အမေနေရာအစား အမျိုးသမီးတစ်ယောက်ဝင်လာတယ်။ သူမမှာ သားတစ်ယောက်ပါလာတယ်။ သူ့ထက်ကြီးတယ်။ သူ့ကိုဆိုးတယ်လို့ပြောတယ်။ ဂျစ်ကန်ကန်နဲ့တဲ့။ အဲ့ထဲကစပြီ သူ့အဖေက သူ့ကို အဖွားဆီပို့ဖို့လုပ်တယ်။ အဲ့တုန်းက ဘယ်ကအဖွားမှန်း သူမသိတဲ့အတွက် အခန်းထဲမှာ လိမ်လိမ်မာမာနေတယ်။ ဒါပေမဲ့ ၁၀နှစ်ယောက်မှာတော့ သက်တော်စောင့်တွေနဲ့အတူ သူ့အဖေကိုယ်တိုင် အခုသူ စောင့်ရှောက်ရမဲ့ အဖွားအိမ်ရောက်လာတယ်။ ပြီးတော့ အတူတူကြီးပြင်လာတဲ့ သူ့ရဲ့ မြတ်နိုးမှုကိုပါ ရရှိလာတယ်။ သူ့အဖေကို သူအဲ့တုန်းကတော့ နားမလည်ခဲ့ဘူး။ အခုကျတော့ သူကြီးပြင်းလာတဲ့နှစ်တိုင်း သက်တော်စောင့်တွေနဲ့ အိမ်တော်ကြီးထဲက သူ့အဖေမှာ တာဝန်တွေရှိတယ်ဆိုတာ သိလာတယ်။ ဝမ်ရိပေါ်  အေးဆေးနားနေတယ်။

နွံ    [Mud]Tahanan ng mga kuwento. Tumuklas ngayon