အခန်း (၁)

14.5K 468 16
                                    

အခန်း (၁)

မေဂျာစုံ တက္ကသိုလ်တွေ ဖွင့်ကြတဲ့အချိန်။လူကြိုက်များလှတဲ့ ဒီဇင်ဘာလထဲမှာပေါ့။သူများတွေရဲ့ ဆောင်းက ဘယ်လိုနေကြမလဲမသိပေမယ့် ကျွန်မရဲ့ဆောင်းကတော့ ကမ်းရိုးတန်းဆောင်းပါ။နှင်းတွေ ရဲရဲလှိုင်မယ်ဆိုတောင် ပြန်ပြီး အအေးပြယ်မြန်မယ့် ပင်လယ်အနီးအပါးက ဆောင်းပေါ့။

နောက်ပြီး ဒီဆောင်းမှာ ကျွန်မရဲ့ တစ်ဘဝလုံးကို ရဲရဲကြီးပြုစားနေတော့မယ့် အမျိုးသမီးတစ်ယောက်ကို မြူမကွဲတကွဲ အချိန်မှာပဲ ရလိုက်ပါတယ်။

မမမေငြိဏ်းကျော်။

ကျွန်မက မက်ထရစ် အောင်ပြီးနောက် တက္ကသိုလ်မြေကို ပထမဆုံး ခြေချရမယ့် ယူနီကျောင်းသူ အသစ်စစ်စစ် ကြီးပေါ့။ရင်ထဲမှာ လတ်ဆတ်တဲ့ အတွေ့ အကြုံကို ဘယ်လိုရင်ဆိုင် ပစ်လိုက်မယ်ရယ်လို့ မျှော်တလင့်လင့်နဲ့ရယ် လေ။တက္ကသိုလ် ကျောင်းသူ ဘဝ ဆိုတာ သီချင်းတွေထဲ၊ ကဗျာတွေထဲ၊ မြန်မာ ဗီဒီယိုကားတွေထဲမှာပါသလိုလား။သူငယ်ချင်းအသစ်တွေ ရလာပြီး ကင်န်တင်းထိုင်ရမယ့် ပျော်စရာနေ့ရက်များ ကြုံလာရတော့မလား။ညဘက်ကြားရမယ့် ဂစ်တာခေါက်သံ တွေကို လက်တွေ့ကြား ရတော့မှာပဲဆိုပြီးလည်း စိတ်ထဲကြိုတင် တွေးတောမိခဲ့ပါသေးရဲ့။

ဒါပေမယ့် တစ်ခါမှ မခုန်ဖူးသေးတဲ့ နှလုံးသားတစ်ခုကို ကျွန်မ မေ့ကောင်းကောင်းနဲ့ မေ့နေခဲ့ပါတယ်။

မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိုင်တော့တဲ့အထိပါပဲ။ကိုယ့်ရန်သူတစ်ယောက် ခုတ်ချလိုက်မယ့် နောက်ဆုံးဓားချက်လို မမမေငြိဏ်းရဲ့ ပထမဆုံးအပြုံးက ရင်ထဲ ပြက်ပြက် ထင်ထင်ကြီးကို စူးနက်သွားရဲ့လေ။တစ်ခါတည်းပါပဲ။ဒါပေမယ့် သေရာပါ ပါပဲကွယ်။

အဲ့ဒီနေ့က အဆောင်ရဲ့ဧည့်ခန်းမှာ ထိုင်ပြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ချစ်သောဤကမ္ဘာဆိုတဲ့စာအုပ်ကို ကျွန်မဖတ်နေခဲ့ပါတယ်။ထိုစဥ်မှာပဲ

"ဟိုလေ"

တိုးဖွဖွလေးပေမယ့် ပြတ်သားကြည်လင်လှတဲ့ အသံတစ်ခုကြောင့် စာဖတ်နေရာက ကျွန်မ ကြည့်လိုက်တယ်။ဟင်။ကျွန်မကို အေးအေးငြိမ်ငြိမ် ကြည့်နေတဲ့အမျိုးသမီးတစ်ယောက်။စာထဲအာရုံစိုက်နေတော့ ဘယ်ကတည်းက ကျွန်မအနီးအပါးလာရပ်နေလဲ မသိလိုက်ပါဘူး။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now