အခန်း(၂)

3.8K 356 9
                                    

အခန်း (၂)

အဲ့ဒီနေ့က မမ မေငြိဏ်း မဝတ်ရည်နဲ့အတူ အခန်းထဲဝင်သွားပြီး ငါးမိနစ်လောက်အထိ ကျွန်မ ဧည့်ခန်းမှာ ဆက်ထိုင်နေဖြစ်တယ်။စာ ဆက်ဖတ်ဖို့လည်း စိတ်မပါတော့ဘူး။ဒါကြောင့် ကျွန်မလည်း ကျွန်မအခန်းထဲဝင်ခဲ့ပြီး ညစာစားချိန်ရောက်ထဲအထိ အခန်းအောင်းနေလိုက်တယ်။

နောက် သုံးလေးရက်အထိ မမမေငြိဏ်းကို မတွေ့ခဲ့ရပါဘူး။မတွေ့ခဲ့ရဆို မမမေငြိဏ်းလည်း ဧည့်ခန်းမှာထွက်ထိုင်တာတို့၊ညဘက် တီဗီထွက်ကြည့်တာတို့ သိပ်မလုပ်တတ်တဲ့သူမို့လို့ပါ။ထမင်းတောင် မဝတ်ရည်က ပါဆယ်ဝယ်ပေးခဲ့ရတာများပါတယ်။မမမေငြိဏ်းက တခြားအဆောင်သူတွေနဲ့ သိပ်မရောနှောတတ်ဘူးဆိုတာ နောက်မှ ကျွန်မ သိခဲ့ရတယ်။သီးသန့်ဆန်ပေမယ့် မမမေငြိဏ်းကို တခြားအဆောင်သူတွေက အကုန်ချစ်ကြပုံလည်းပေါက်နေပြန်တယ်။

အမျိုးသမီးအဆောင်က နှစ်ထပ်ဖြစ်ပြီး စုစုပေါင်း ရေချိုးခန်း နှစ်ခန်း နှင့်အိမ်သာ လေးခု ပါပါတယ်။မမမေငြိဏ်းရော ကျွန်မပါ အပေါ်ထပ်အခန်းတွေမှာ နေဖြစ်ကြတယ်။စပြီးဆုံကြရတာလည်း အပေါ်ထပ်ဧည့်ခန်းကျဥ်းလေးမှာပေါ့။ဧည့်ခန်းမှာအဆောင်သူတွေအားလုံးစုပြီး ကြည့်လို့ရမယ့် တီဗီတစ်လုံးလည်းရှိတယ်။တခြား ရေနွေးတို့၊အားသွင်းရမယ့် လျှပ်စစ် မီးအိမ်တို့၊တယ်လီဖုန်းတို့က အဆောင်နဲ့ကပ်ရက် အဆောင်ပိုင်ရှင်နေတဲ့ အိမ်မှာ ထားပေးပါတယ်။
ရှေ့ဘက်မှာ ဝရံတာတစ်ခုပါပြီး အဆောင်သူတချို့ ပျင်းရင်ထွက်ထိုင်တတ်ကြတယ်။အနောက်ဘက်ဝရံတာကတော့ အဝတ်လှန်းကြရတဲ့နေရာပေါ့။

အဆောင်သူ အချင်းချင်း ​တီဗီကြည့်ချိန်၊ရေချိုးခန်းသုံးချိန်၊အဆောင်ရှေ့ကဆိုင်မှာ ထမင်းဆင်းဝယ်စားချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် တစ်ကြိမ်မဟုတ်တစ်ကြိမ် ဆုံမိကြ၊စကားပြောဖြစ်ကြ ဖြစ်တတ်ပေမယ့် မမမေငြိဏ်းကို သူရောက်လာခဲ့တဲ့နေ့က တစ်ကြိမ်တစ်ခါပဲ တွေ့ခဲ့ရပြီး ထပ်မတွေ့ခဲ့ရဘူး။သူ ဘယ်အချိန်တွေ အခန်းပြင်ထွက်ပြီး ဘယ်အချိန်တွေ အတန်းသွားတက်တတ်လဲ ဆိုတာ ကျွန်မလည်း မတွေးတတ်အောင်ပါပဲ။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now