အခန်း (၁၀)

2.9K 440 18
                                    

အခန်း (၁၀)

စာမေးပွဲဖြေတဲ့ရက်တွေ အဆောင်မှာ ညလုံးပေါက်မီးပေးတော့ ကျွန်မတို့အဆောင်သူတွေ မိုးလင်ပေါက်နီးပါး စာလုပ်ဖြစ်တယ်။ထိုင်ရက် ခဏတဖြုတ် ငိုက်တာမျိုး၊နာရီပိုင်းလောက်အိပ်ပြီး ပြန်ထကျက်တာမျိုးတွေ လုပ်ကြတယ်။အိပ်လိုက် နိုးလိုက်၊ ကျက်လိုက် နဲ့ ကျွန်မတို့ရဲ့ အခန်းတွေထဲ မီးတောင်မပိတ်ဖြစ်ကြပါဘူး။

စာမေးပွဲကို သုံးဘာသာ လုံး အထစ်အငေါ့ မရှိ ကျေနပ်အောင် ဖြေနိုင်ခဲ့ပေမယ့် တစ်ခုခုကို ကျွန်မ စိတ်အလိုမကျဖြစ်နေတယ်။တစ်ဘာသာပြီး တစ်ဘာသာ ကျောင်းစာက ဝန်ပေါ့လာပေမယ့် ကျွန်မ စိတ်ရဲ့တစ်နေရာရာမှာ လေးလံမှုတစ်မျိုး ဖိချခံနေရ သလိုပါပဲ။ကျွန်မ စိတ်မပျော်ပါဘူး။ဆုပ်ကိုင် ပြသဖို့လည်း မရေရာ ။ကျွန်မ အနေခက်နေပါတယ်။စာကျက်တာ၊စာမေးပွဲကို သေချာ ဖြေနေရတာမျိုးရဲ့ နောက်မှာ ခံစားမှုကိစ္စဟာ ကြီးကြီးမားမား ရှိနေပါတယ်။ကျွန်မ မထိခိုက်သလိုပါပဲ။မထိခိုက်သလို ပုံစံမျိုးနဲ့ပါပဲ။

ဒီနေ့က စာမေးပွဲ တတိယနေ့ ဖြေပြီး ပိတ်ရက်ရလို့ အဆောင်မှာ လူစုံတက်စုံ ရှိနေကြတယ်။ပိတ်ရက်ရလို့ဆိုတဲ့စိတ်နဲ့ ကျွန်မ ညက ညဆယ့်နှစ်နာရီလောက်ကတည်းက စိတ်ချလက်ချ အိပ်ယာဝင်လိုက်တယ်။
မနက်ကျတော့ စာဆက်လုပ်ပေါ့။နေ့လည် ထမင်းစားချိန်မှာ ကျွန်မ ဧည့်ခန်းမှာ ခဏ ထိုင်နေဖြစ်တယ်။စာကြည့်နေရင်းနဲ့မို့ ပတ်ဝန်းကျင်ကိုလည်း ဂရုမပြုအားဘူး။

"ဒါက ခေါက်ဆွဲပြုတ်လား"

ကျွန်မဘေးနားက အသံကြားရတော့ ကျွန်မ ကြည့်လိုက်မိတယ်။မကြည့်လိုက်မိရင်လည်း ဘယ်သူ့အသံလဲဆိုတာ ကျွန်မ ကောင်းကောင်းသိပါရဲ့။သူ့မေးခွန်းကို ဘာမှမဖြေပေးဖြစ်ပဲ ကျွန်မအာရုံက စာရွက်ပေါ် ပြန်ရောက်သွားတယ်။

သူက ပန်းကန်ပြားနဲ့ အုပ်ထားတဲ့ ပန်းကန်လုံးကို ညင်ညင်သာသာ ဖွင့်ကြည့်လိုက်တာကို ကျွန်မသိလိုက်ပါတယ်။

"ဟင်၊​ကြာဇံတွေပါလား။ကြာဇံကို ဒီလို ရေပူနဲ့ ပန်းကန်ထဲထည့်အုပ်ရုံနဲ့ မနူးဘူးလေ"

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Donde viven las historias. Descúbrelo ahora