အခန်း (၃)

3.4K 514 12
                                    

အခန်း (၃)

ကျွန်မ ရေနွေးယူဖို့ အပူခံခွက်လေးကိုင်ပြီး  အောက်ထပ် ဆင်းလာခဲ့တယ်။ရေနွေးက ကော်ဖီဖျော်မလို့ပါ။ရေနွေးဓာတ်ဗူးတွေ ထားပေးတဲ့ မီးဖိုချောင်ထဲရောက်တော့ မဝတ်ရည်နဲ့တွေ့တယ်။သူက ယူပြီး ပြန်တက်ဖို့တောင်လုပ်နေပြီ။အဆောင်မှာ ကြီးကြပ်ပေးတဲ့အစ်မ က ကျွန်မကို လှမ်းမေးတယ်။

"မလှိုင်းငယ်၊ရေပူလာယူတာလား"

ကျွန်မက ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။

"ခဏနော်။ခဏလေးပဲ စောင့်ပေးပါ။၅ မိနစ်လောက်"

ရေနွေးကုန်သွားလို့ အစ်မ အေးဖြိုးက အသစ်ပြန်တည်နေတယ်။အဆောင်မှာ အဆောင်သန့်ရှင်းရေးလုပ်ဖို့၊ညဘက် မီးပိတ်ဖို့ စတဲ့လိုအပ်ချက်တွေလုပ်တဲ့ အစ်မအေးဖြိုးကို မဖြိုးလို့ပဲ တစ်ဆောင်လုံးက ခေါ်ကြတယ်။ကျွန်မလည်း ရေနွေးဆူတဲ့အထိ စောင့်မနေချင်တော့တာနဲ့ အဆောင်ပေါ်ပြန်တက်ခဲ့တယ်။အခန်းထဲလည်း မဝင်ချင်သေးတာနဲ့ ဧည့်ခန်းမှာလည်း ဘယ်သူမှ မရှိတာမို့ ခွက်အလွတ်ကလေးကို စားပွဲပေါ်တင်ပြီး ဒီအတိုင်း ထိုင်နေမိတယ်။

တအောင့်ကြာတော့ အခန်းထဲဝင်ပြီး ဖတ်လက်စ စာအုပ်သွားယူလိုက်တယ်။ဧည့်ခန်းမှာ စာထိုင်ဖတ်နေတုန်း ကျွန်မ ဘေးကို မဝတ်ရည်ရောက်လာတယ်။လက်ထဲမှာ ဖြူလွလွ ကြွေခွက်တစ်ခုကိုင်လို့။

"လှိုင်းငယ်၊ခုနက ကော်ဖီဖျော်ဖို့ ရေပူသွားယူတာ မရခဲ့ဘူးမို့လား။ဒီမှာ ကော်ဖီနော်။လှိုင်းငယ်သောက်ဖို့"

"အာ ရပါတယ် မဝတ်ရည်ရဲ့။လှိုင်း ခဏနေမှ သွားပြန်ယူလိုက်မယ်။မဝတ်ရည် သောက်ပါ"

"မဟုတ်ဘူး မဝတ်ရည်က ကော်ဖီသိပ်မသောက်ဘူး။အခုက မမမေငြိဏ်းက လှိုင်းငယ်သောက်ဖို့ ပိုဖျော်ပြီး ပေးခိုင်းလိုက်တာပါ။ရေနွေးသွားယူတာလည်း သူ့အတွက်လေ။ကော်ဖီ ဒီမှာထားခဲ့မယ်နော်"

ကျွန်မ နှုတ်ဆိတ်နေမိတယ်။မဝတ်ရည်က ပြောပြီး အတန်းသွားတက်​ဖို့ တစ်ခါတည်း ထွက်သွားတယ်။နေ့လည်ဘက်မို့ အတန်းချိန်သွားတက်ကြတဲ့သူတွေများတယ်။အဆောင်မှာ အခန်းတိုင်းလိုလို သော့ခတ်ထားတာကြောင့် အပေါ်ထပ်မှာ လူသိပ်မကျန်တော့ဘူး။တိတ်ဆိတ်မှုက သိသာအောင် ကြီးစိုးနေတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now