1

261 15 1
                                    


မှိုင်းညို့နေသော ကောင်းကင်ကြီးသည်
ခုနကပင် အားကုန်သံုး၍
မိုး‌ေရစက္များ သည်းထန်စွာ
သွန်ချ ထားရသောကြောင့်
ပင်ပန်းနွမ်းနယ်နေပုံပေါ်‌သည်။

မိုးစဲခါစ စိုစိစိုစွတ် ပတ်၀န်းကျင်ကြောင့်
၀မ်ရိပေါ် သိပ်စိတ်မကြည်ချင်။

ညနေစောင်းအချိန်ဖြစ်သည့်အပြင်
မည်းမှောင်နေသော ကောင်းကင်ကြီးကြောင့် ဘေးဘီဝဲယာကို ကောင်းစွာ
မြင်ရရန် ကားစက်ပြန်နှိုးလိုက်ပြီး မီးထိုးထားလိုက်သည်။

ဒါရိုက်တာ့‌အတွင်းရေးမှူး လုပ်ရတာ
၀င်ငွေကောင်းပေမယ့်
အခုလို အလုပ်ချိန်ပြင်ပ အထိ
“messageပို့ထားတဲ့ နေရာကို
အခုချက်ချင်း လာခဲ့ရမယ်”
လို့ဆင့်ခေါ်တာကတော့ သိပ်အဆင်မပြေပေ။
အခုချက်ချင်းလို့ ဆိုပေမဲ့ ၀မ်ရိပေါ်ရောက်လို့ မိနစ်သံုးဆယ်လောက်ကြာတဲ့အထိ
ပေါ်မလာသေးတာက ပိုလို့တောင်အဆင်မပြေပေ။

နီကိုဒင်းဓာတ် လိုလာသလိုခံစားလိုက်ရတာမို့ စီးကရက်တစ်လိပ်ထုတ်ကာ
မီး‌ညှိခါနီး တစ်စုံတစ်ရာကိုသတိရမိလိုက်သောကြောင့် ခဏတာ ရပ်တန့်သွားသည်။

ထို့နောက် ကားနောက်ကြည့်မှန်ကို
ဆွဲလှည့်ပြီး မှတ်ဉာဏ်ထဲမှတစ်စုံတစ်ယောက်၏ စီးကရက္မီးညှိပုံစံအတိုင်း လိုက်ညှိကြည့်မိသည်။

ကြည်လင်‌ေနပေမဲ့ ရီဝေနေသလိုထင်ရတဲ့မျက်၀န်းတစ်စံုကို အနည်းငယ်မှေးကျဉ်း၍ ‌ခေါင်းကိုအသာစောင်းငဲ့ကာ
အောက်ခြေအစွန်တွင်မှည့်နက်နက် နေရာယူထားသည့်နုတ်ခမ်းဖြင့် စီးကရက္
မီးညှိသည့် ထိုလူ့ပ‌ံုရိပ်ကို
စိတ်တွင်းထဲအထိစွဲမြဲစွာ မှတ်မိနေပြီး
အကြိမ်ဖန်များစွာအတုခိုး လိုက်
လုပ်မိပေမဲ့ အခုချိန်ထိထိုလူ လောက်
အကြည့်မလွှဲချင်စရာ မီးမညှိတတ်သေးပေ။

မီးညိှပြီးလျှင်လဲ မီးခြစ်ကို လက်ညိုးအဖျားလေးဖြင့် ဖျက်ခနဲတောက်ကာ အလုပ်စားပွဲပေါ်မှ ခြင်းလေးထဲ၀င်အောင်ပစ်တတ်သည့် အကျင့်ကိုလဲ လိုက်လုပ်
ကြည့်၍မရသေးပေ။

၀မ်ရိပေါ်အရင်တုန်းက တစ်ပါးသူအကျင့်တွေကိုလိုက် အတုခိုးတတ်သည့်လူတစ်ယောက် မဟုတ်ပေ။
ထိုလူနှင့်မှ။ ထိုလူနှင့်မှ စီးကရက္
မသောက်တတ်သည့် လူတစ်ယောက္
စီးကရက်စွဲနေပြီဖြစ်သည်။

For Those Toxic PersonWhere stories live. Discover now