2

82 12 2
                                    


‘သူ.... အသက္မရှိတော့ဘူးလား’

၀မ်ရိပေါ်သွင်ပြင်ဟာ ရှောင်းကျန့်ထက်တောင် ပိုအသက္မဲ့နေသလိုပင်။
CEOကတော် ပြောတဲ့စကားလံုးတွေ
ဟာလဲ နားထဲ၀င်တစ်ချက်၊မ၀င်တစ်ချက်

“ညီအစ်ကိုတွေ စိတ်အခန့်မသင့်ဖြစ်ပြီး
တွန်းထိုးနေရင်း စစ်အာ ဘက်က
မရည်ရွယ်ဘဲ နည်းနည်းလက်လွန်သွားပုံပဲ

သူဆေးရုံပို့ဖို့ကြိုးစားသေး‌ေပမဲ့
မမှီတော့ဘူး‌ေလ ငါရောက်သွားတော့
အသက္မရှိတော့ဘူး”

အခြေအနေကို သေချာမသိပေမဲ့
၀မ်ရိပေါ်သိထားသည့် မန်းနေဂျင်းရှောင်းကျန့်မှာ တွန်းထိုးရန်ဖြစ်တတ်သူ တစ်ဦးမဟုတ်ပေ။

“‌ေကာလဟာလ ‌ေတွ အတိုင်းရှောင်းကျန့်က ငါမွေးထားတာမဟုတ်ပေမဲ့ နှစ်ပေါင်းများစွာငါ့မျက်စိအောက္မှာကြီးပျင်းလာတာ၊ ၀မ်းနည်းပေမဲ့ သေတဲ့သူကသေသွားပြီမို့ ကျန်ခဲ့တဲ့လူကိုကာကွယ်ဖို့ လုပ်စရာရှိတာတော့လုပ်ရမှာပဲ”

သူမ စကားလုံးတွေကပြတ်သား
သယောင်ထင်ရပေမဲ့  မျက်လုံးမှာ‌ေတာ့
ကဏှာမငြိမ်ပေ။

“မင်းတို့ CEOက သူ့သက်တမ်းတစ်၀က်ကျော်ကို ဒီ‘X's Dynasty’လုပ်ငန်းစုအတွက် မြုတ်နှံထားရတာ၊
ဆက်ခံသူမျိုးဆက် တစ်ယောက်က
နောက် တစ်ယောက်ကို သတ်လိုက်တဲ့ သတင်းသာပြန့်သွားရင်
Companyနာမည်ပျက်ပြီး အဆိုးဆုံးအခြေအနေတွေကို‌ေရာက်သွားနိုင်တယ်။
အရာအားလုံး အဆင်ပြေဖို့ အတွက်ရှောင်းကျန့်သေဆုံးမှု က
မတော်တဆ ဖြစ်သွားသလို အကွက်ချရမှာပဲ”

အမျိုးသမီးကြီးက နှစ်ယောက်ကြားရှိအကွာအ ‌ေ၀းကို အနည်းငယ်ချုံ့လိုက်ကာ

“မနက်ဖန်မနက်လုပ်မဲ့ စက္မှုဇုန်စီမံကိန်းအတွက် ရှောင်းကျန့်က ဒီညအန်းနန်သွားဖို့ အစီအစဉ်ရှိတယ်၊ညဘက်ဆို အဲ့ဘက်လမ်းကြောင်းက အသွားအလာမရှိသလောက်ပါးလို့ သမားရိုးကျ
ကားမတော်တဆမှု
တစ်ခုဖန်တီးဖို့ အဆင်ပြေတယ်။
ဒီမတိုင်ခင်လဲ သူalcohol
နည်းနည်း‌ေသာက်ထားတာဆိုတော့....
မင်းဘက်က
ဘာလုပ်ပေးရမယ်ဆိုတာ ကို
သိ‌ေလာက်ပြီထင်ပါရဲ့”

For Those Toxic PersonWhere stories live. Discover now