9

76 9 0
                                    

Day.30...,
“ပါဆယ်ပုံးနဲ့ ဘာလို့ ပစ္စည်းတွေထုတ်နေတာလဲ ၀မ်ရိပေါ်၊မဟုတ်မှ အလုပ်ထွက်
‌ေတာ့မလို့လား”

မျက်လုံးပြူးပြူးဖြင့် စပ်စုလာသော
စီနီယာအမအား ‌‌ေကာင်းမွန်လှ ‌ေသာစိတ်အခြေအနေကြောင့်
အပြုံးကြီးကြီးပြုံးကာ ပြန်လည်ဖြေကြားပေးလိုက်သည်။

“မထွက်ပါဘူး ဗျာ၊ ဌာနပြောင်းရတော့
မလားလို့ ၊ပစ္စည်းတွေကြိုသိမ်းနေတာ”

မြင်ရခဲလှသောအပြုံးကြီးအပြင် ‘ဌာနပြောင်းရတော့မလားလို့’ဟူသော
စကားကြောင့် စီနီယာအမ ခမျာပိုမိုစူးစမ်းသိရှိချင်စိတ်တို့ ပြင်းထန်လာပြီး တရစပ်မေးမြန်းလာတော့သည်။

စားပွဲပေါ်မှရုံးဖုန်း မြည်လာသံကြောင့့်သာမဟုတ်လျှင် ၀မ်ရိပေါ်‌ေမးခွန်း‌ေတွကြားအသက်ရှူလို့တောင်ရမည်မဟုတ်။

စီနီယာအမက ဖုန်းဖြေဆိုလိုက်ပြီး
မကြာ ဖုန်းချလိုက်ကာ၀မ်ရိပေါ်ကိုပြောလာသည်။

“ကုန်ကြမ်းဌာနက ၀မ်ရိပေါ်၊၀န်ထမ်းရေးရာဌာနကို အခုလာခဲ့ပါတဲ့
နင်ဘယ်လိုဖြစ်လို့ ရုတ်တရတ်ကြီးဌာနပြောင်း...”

“ဒါဆိုသွားလိုက်ဦးမယ် ယွီကျဲ နောက္မှပဲ‌ရှင်းပြတော့မယ်”

“များသောအားဖြင့်ခပ်တည်တည်နေတဲ့ ထိုကောင်လေး မြူးထူးနေပုံထောက်ရင် ရာထူးတိုးမှာလားမသိဘူး၊ဒါပေမဲ့ ဘာလို့ရုတ်တရတ်ကြီးလဲ သူဘာလုပ်လိုက်လို့လဲ”

“သူများတွေများ အလုပ်၀င်တာ ၆လတောင်မပြည့်သေးဘူး ရာထူးတိုးတော့မယ်။
ဖေးယွီယွီ အားကျစမ်း အားကျစမ်း
တစ်နေ့တစ်နေ့ အတင်းပတ်ပြောဖို့ပဲလုပ်နေတာ ဘယ်ရာထူးတိုးပါ့မလဲ
တော်ပြီ အခုကစ ‌အလုပ်ပဲလုပ်တော့မယ်”

ဖေးယွီယွီတစ်ယောက် အလုပ်လုပ်ရန်စာရွက်စာတမ်းတွေကောက်ကိုင်လိုက်သည်။

“အိုး ၀မ်ရိပေါ် အကြောင်းကိုဘယ်သူမှမသိကြသေးဘူးထင်တယ်
မဖြစ်သေးပါဘူး လိုက်ပြောဦးမှပဲ”

.................................................................

“ကျွန်တော်ရောက်ပါပြီ မန်နေဂျာလျို”

You've reached the end of published parts.

⏰ Last updated: Aug 20, 2022 ⏰

Add this story to your Library to get notified about new parts!

For Those Toxic PersonWhere stories live. Discover now