3

60 12 0
                                    

'အန်းနန်ဘက်သွားသည့် လဲ့တန်လမ်းမကြီးတွင် ယာဉ်တစ်စီးတိမ်းမှောက်ကာမီးလောင်ကျွမ်းမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဖြတ်သွားဖြတ်လာတစ်ဦး ၏သတင်းပို့ချက်အရ သိရှိရပါသည်။
ကားအင်ဂျင် ချို့ယွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရနိုင်သေးသဖြင့် ဗဟိုရဲဌာနချုပ်မှ ဆက်လက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်'

သတင်းသံဆုံးသည်နှင့် တီဗီပိတ်လိုက်ကာ
တစ်ဖက်ဆိုဖာ ပေါ်တွင် စိတ်လွင့်နေသူလိုထိုင်၍ငိုင်နေသော သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ကားလဲပြီးပြန်လာထဲက တုပ်တုပ်မလှုပ်ဘဲ ဒီလိုဘဲထိုင်နေတာ၊မစားမအိပ်နဲ့။

မျက္မှန်ချွတ်ထားတာမို့ မျက်တွင်းကျကျ က မျက်နှာချောချောပေါ်တွင်
ထင်သာမြင်သာ ပေါ်လွင်‌ေနသည်။

"သတင်းပါလာပြီ ကြားလိုက်လား"

"....."
အဖက်ပြန်မလုပ်။

"ငါတို့ မမှာလိုက္မိတာတောင်အတွင်းရေးမှူး၀မ်က အကွက်စေ့သားပဲ
သက်‌ေသတစ်ခုခု ကျန်မှာစိုးလို့
တစ်ကားလုံး ‌မီးရှို့လိုက်တယ်ထင်တယ်
မကြာခင် အလောင်းအတည်ပြုဖို့ ရဲစခန်းက ဖုန်းဆက်တော့မယ် ‌သတင်းရရင်ခရီးလွန် နေတဲ့ ရှောင်းကျစ်ယွမ် ဘယ်လိုဖြစ်သွားမယ်ထင်လဲ"

"....."

!!လွန်သွားပြီ။

ယဲ့ကျင်းလီ ခေါင်းကြောမာကာ ပေကပ်နေသောထိုကလေး အနားသွားကာ ပခုံးအားထုရိုက္မိတော့သည်။

"စစ်အာ မင်းဒီအမေကိုစိတ်ဆင်းရဲပြီး
‌ေသအောင်လုပ်နေတာလား
မနေ့ကကြားလိုက်ရတဲ့စကား‌တွ‌ေကြာင့် ငါဘယ်လောက်တုန်လှုပ်သွားခဲ့လဲ မင်းသိလား ညကအဖြစ်အပျက္ က
မတော်တဆပေမဲ့ ငါ‌ေရှာင်းကျန့်ကိုတကယ်သေစေချင်နေခဲ့တာ။
ဒီတစ်‌ေလျှာက်လံုး မင်း‌ရသင့်တာ ရအောင်လို့ ရုန်းကန်နေရတဲ့ ငါ့ကို နည်းနည်းပါးပါးသနားရင် အဲ့မြေခွေးလိုကောင်ကိုခေါင်းထဲကထုတ်ပြီး မင်းဘက်က တက်တက်ကြွကြွနဲ့ ငါခင်းထားတဲ့လမ်းအတိုင်းလေ‌ျှာက်ပေးစမ်းပါ"

For Those Toxic PersonWhere stories live. Discover now