5

57 10 0
                                    

“ကြည့်ရသလောက်တော့ အာရုံကြောထိသွားပုံပဲ အချိန်တစ်ခုလောက်အထိအတိတ်မေ့နေလိမ့်မယ်”

“အချိန်တစ်ခုဆိုတာ..?”

“အချိန်တစ်ခုဆိုတာ ငါလဲမမှန်းဆနိုင်ဘူးသူ့အပေါ်ဘဲမူတည်တယ် ပြောချင်တာက ကြာရင်လဲကြာမယ် မြန်ရင်လဲမြန်မယ် တစ်သက်လုံး နဂိုမှတ်ဉာဏ်ပြန်မရနိုင်တော့တာလဲဖြစ်နိုင်တယ် လတ်တလောတော့ ခေါင်းခဏခဏကိုက်လိမ့်မယ်
ငါ‌စားပွဲပေါ်မှာဆေးအမျိုးအစားတွေရေးတင်ထားတယ် အပြင်ရောက်ရင်၀ယ်လာလိုက်ဦး”

လီယော့၏မှတ်ချက်တွေကြောင့် ၀မ်ရိပေါ် ပြတင်းပေါက်အပြင်ဘက်ကိုငေးနေသော ကျောခိုင်းထားသည့်ပုံရိပ်လေးကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

အတိတ်မေ့သွားတာ?ဒါကောင်းတာလား။
ရှောင်းကျန့်ကိုဒီလိုပုံစံမျိုးနဲ့တွေ့ရမယ်လို့တစ်ခါမှအိမ်မက္တောင်မမက္ ခဲ့ဖူးပေ။

မာနကြီးပြီးတစ်ကိုယ်ကောင်းဆန်တဲ့လူက
မှတ်ဉာဏ်တွေပျောက်ဆုံးပြီး
မအူမလည်ရုပ်‌ေလးဖြစ်နေတာကို
၀မ်ရိပေါ်ကျင့်သားမရနိုင်သေးပါ။

သန်မာထက္မြက်လှသော မန်း‌ေနးဂျင်းရှောင်းကျန့်သည် အလုပ်သင်လေး
၀မ်ရိပေါ်ကို အတိတ်တွင်အကြိမ်ပေါင်းများစွာကျောခိုင်းထားခဲ့ဖူးသည်။
ထိုလူ့အနားတွယ်ကပ်နိုင်ဖို့ရာ အားထုတ်ခဲ့သမျှကိုရှုံ့ချတွန်းထုတ်ခဲ့ဖူးသည်။

အခုတော့ အတိတ်မေ့သွားတယ်တဲ့လား။

၀မ်ရိပေါ် အသံတိတ်ရယ်မောလိုက်
မိသည်။ထိုလူက အတိတ်မမေ့ခဲ့ရင်တောင် သူ့ကြောင့်၀မ်ရိပေါ်ဆိုတဲ့လူ
ရခဲ့တဲ့ဒဏ်ရာတွေကိုသိမှမသိနိုင်ပဲ။

လွန်ခဲ့တဲ့သုံးနှစ်က မှတ်ဉာဏ်တွေက
ခါးသီးလွန်းတယ်။
ဖြစ်နိုင်ရင် ရှောင်းကျန့်ဆိုတဲ့လူပါ၀င်တဲ့မှတ်ဉာဏ်တွေအားလုံး ကိုဖျက်ဆီးပြစ်လိုက်ချင်တယ်။

တစ်နေ့ကျ  ခင်များကို
နိမ့်ကျပြီး‌ေခါင်း‌ေကြာမာတဲ့ကောင်လေးတစ်ယောက်နဲ့သူမက္မောတဲ့ အဆိပ်အတောက် အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို ခပ်ပြုံးပြုံးလေးပြောပြချင်ပါရဲ့
ကြုံကြိုက်ခဲ့ရင်ပေါ့......။

For Those Toxic PersonWhere stories live. Discover now