4

54 11 0
                                    

အမှောင်ထုကို ဖြိုခွဲ၍ထွက်ပေါ်လာသော ရောင်နီဦးက နံနက္မိုးလင်းပြီဖြစ်‌ကြောင်း
အသိပေးလာသည်။

တစ်ညလုံး‌ေပြးလွှားလှုပ်ရှားထားတာကြောင့် အားအတော်ပြိုင်းနေပြီ‌ဖြစ်ပေမဲ့
သတိမလည်လာသေးသော အပူခဲကြီးကြောင့် ၀မ်ရိပေါ်ခဏလေးတောင်
မရပ်နားနိုင်ပေ။

မရည်ရွယ်ဘဲသတ်မိသလိုဖြစ်ခဲ့တာလို့ပြောခဲ့တာမို့ မသေသေးမှန်းသိရင် စိတ်သက်သာရာရ ပြီးပြန်လာခေါ်မလားလို့တွေးမိပြီး Ceoကတော်ကိုအကြောင်းကြားဖို့တွေးမိခဲ့သေးသည်။

သို့ပေသိ ရှောင်းကျန့်မရှိရင်အကျိုးအမြတ်များစွာရရှိနိုင်မည့်
ထိုသားအမိက ထပ်ပြီးအလားတူအန္တရာယ်မပေးနိုင်ဟုလည်း အာမ မခံနိုင်ပေ။
အချိန်အနည်းငယ်ဝေခွဲမရဖြစ်ခဲ့ပြီးနောက်
အသိ၀င်လာချိန်တွင် အစားထိုးအလောင်းတောင်ခက်ခက်ခဲခဲ ရှာပြီး
ကားတိမ်း‌ေမှာက်ပေါက်ကွဲမှုဖြစ်‌စဉ်တစ်ခုကို ပြင်ဆင်ပြီးနေပြီဖြစ်သည်။

'နေပါဦး။သူတို့‌ေတွထပ်ပြီးအန္တရာယ်ပေးလို့ ဒီလူတကယ် သေသွားလဲငါနဲ့ဘာဆိုင်လို့လဲ
မုန်းရတဲ့လူ တကယ်သေသွားတာကောင်းတာပဲ မဟုတ်လား!
ထားပါ‌ေတာ့
အကယ်၍ဟိုသားအမိ အန္တရာယ်ထပ်‌ေပးမှာစိုးရင်လဲ Ceoကိုတိုက်ရိုက်ဆက်သွယ်လိုက်လဲရတာပဲကို။
၀မ်ရိပေါ် ကိုယ့်စိတ်ကိုယ်နားမလည်နိုင်‌ေတာ့ပေ။'

သွေးတိတ်အောင်သန့်စင်ပေးပြီး ဒဏ်ရာအခြေအနေကြည့်တော့ ခေါင်းကွဲနေပေမဲ့ သေလောက်တဲ့‌ဒဏ်ရာမဟုတ်။
ဘာကြောင့် သေသွားပြီလို့ထင်နေကြမှန်းစဉ်းစားလို့ကိုမရဘူး။

သို့ပေမဲ့ အပူမကျသေးသည့်အပြင်သတိမလည်လာသေးသည်မို့ သေချာကုသဖို့လိုအပ်လေသည်။
အခြေအနေအရ ဆေးရုံဆေးခန်းလဲပို့လို့မရတာမို့ သွားစရာကတစ်နေရာပဲ ရှိသည်။

အသိတစ်ယောက်ဆီမှငှားလာသော ကုန်တင်ကား‌အ‌ေသး‌ေလးကို ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှ လမ်းသွယ်လေးထဲချိုး၀င်လိုက်သည်။
ထို့နောက် နေရောင်အောက်တွင်တောင်အုံ့မှိုင်းမှိုင်းဖြစ်နေသောတစ်ထပ်အိမ်လေးရှေ့တွင် ရပ်တန့်လိုက်သည်။

For Those Toxic PersonWhere stories live. Discover now