7

48 8 2
                                    

Day.21..,

စိတ်မပါလက္မပါနဲ့ ထိုးဆွထားတဲ့
နေ့လည်စာပန်းကန်က  တစ်၀က်တောင်မလျော့။  စားချင်စိတ်မရှိပေမဲ့ Companyကန်တင်းမှာ လာထိုင်ရတဲ့အကြောင်းရင်းက အားလပ်ချိန် နည်းနည်းရတာနဲ့ မန်နေဂျင်းရုံးခန်းသာဦးတည်ချင်နေတဲ့ ခြေလှမ်းတွေကိုတားဆီးဖို့သာ။

ထိုလူ့ကိုရှောင်နေတာဟာ အခြားအကြောင်း ကြောင့်တော့မဟုတ်၊
ကျောက်ဖုန်းဝူ၏စကားများကြောင့်ဖြစ်သည်။
၀မ်ရိပေါ်၏‌ေရှာင်းကျန့်အ‌ေပါ် တွယ်ကပ်မှုများက အခြားသူများ၏မျက်လုံးထဲ၌
ပင်လျှင် ‘မျက်နှာလုပ်ဖားယားခြင်း’ ဟူသည့် ခေါင်းစဉ်အောက်၌ရှိနေလျှင်
ရှောင်းကျန့်အမြင်၌လည်း ထိုသို့ရှိနေနိုင်သည်။

ထို့အပြင် အတွင်းရေးမှူးကျန်းကိုလဲ
အားနာမိသောကြောင့်ဖြစ်သည်။
အတွင်းရေးမှူးကျန်းသည် သဘောကောင်းပြီး ၀မ်ရိပေါ်ကိုလဲ
သက်တောင့်သက်သာနှင့် ခင်မင်စွာပြောဆိုဆက်ဆံပေးသည်။
သို့ပေမဲ့ ၀မ်ရိပေါ်ဘက်ကတော့
ရှောင်းကျန့်နံဘေး အမြဲနေရာယူထားနိုင်သောအတွင်းရေးမှူးကျန်းအပေါ်
မကောင်းမြင်စိတ်များသာစိုးမိုးထားသည်။
အတွင်းရေးမှူးကျန်းသာ ကွယ်ပျောက်သွားလျှင် ထိုနေရာကိုပိုင်ဆိုင်ရယူရန်အခွင့်အလမ်းရှိလာမည်ဟူ၍
ယုတ်ညံ့သောအတွေးများ ၀င်ရောက်လာတတ်သဖြင့် Companyနှစ်ပတ်လည်နေ့က လိုမြင်ကွင်းမျိုး ထပ်မမြင်ရလေအောင် ထိုနှစ်ဦး၏ရပ်၀န်းမှရှောင်ဖယ်နေခြင်းဖြစ်သည်။

သို့ပေမဲ့ မည်သူထင်မှာလဲ။
အတွင်းရေးမှူးကျန်းက
ဆိုက်ဆိုက္မြိုက္မြိုက်ကြီး နေ့လည်စာဗန်းကိုမပြီး ၀မ်ရိပေါ် ထိုင်နေသော
စားပွဲခုံသို့ရောက်ချလာသည်။
“ယို့ ၀မ်ရိပေါ် ဒီခုံလွတ်တယ်မလား အတူတူစားမယ်နော်”

အပြုံးတစ်ခုနဲ့တောင်းဆိုလာသောသူကို မည်သို့ငြင်းဆိုရမည်နည်း။

တုံ့ပြန်အပြုံးတစ်ခုနှင့် ခေါင်းညိှမ့်ပြလိုက်တော့မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်ပြီးမေးမြန်းလာသည်။

“ဒီရက်‌ေတွထဲပျောက်ချက်သား ကောင်းနေလို့ ကုန်ကြမ်းဌာနတောင်လာမေးတော့မလို့ပဲ အလုပ်အရမ်းများနေတာလား”

For Those Toxic PersonWhere stories live. Discover now