Chapter-82

3.8K 578 15
                                    

ကြိုဖတ်ချင်ရင် ဂရုဝင်လို့ရသည်၊

Zawgyi

ဝမ်ဖေးရန်တို့ထွက်သွားတဲ့အခါမှာ ချင်းဝူထျန်ယွင်ဟာ အန်းရှကောင်းကင်ဂိုဏ်းကစီနီယာဘက်လှည့်ကာ မကျေမနပ်ပြောလာတော့သည်၊

"မင်းသာ သူတို့ကို မဖိတ်ရင် အခုလို ငါစော်ကားခံရမှာ မဟုတ်ဘူး ထျန်းယန်ချင့်!"

ချင်းဝူထျန်ယွင်စကားကြောင့် ထျန်းယန်ချင့်မျက်မှောင်ကြုတ်သွားကာ လှည့်ကြည့်လာတော့သည်၊

"မင်းကို စော်ကားတယ် မင်းကိုယ်တိုင် ဟိုဘက်က ဂျူနီယာကို စပြီးစော်ကားတာ မဟုတ်ဘူးလား၊ ပြီးတော့ ချင်းဝူထျန်ယွင် ဒါက အပြင်လောက မင်းရဲ့ပေချင်းဝူဂိုဏ်းမဟုတ်ဘူး "

"နောက်တစ်ခါ မင်းပါးစပ်ကို ဆင်ခြင်မယ်လို့ ငါယုံကြည်တယ်" လို့ထျန်းယန်ချင့်ဟာ ပြောလိုက်ပြီးနောက်မှာ ထွက်သွားတော့သည်၊သာမန်အသေးအမွှားကိစ္စလေးကြောင့် ရန်ပွဲမဖြစ်စေပေ၊

ချင်းဝူထျန်ယွင်ဟာ အံ့ကိုကြိတ်လိုက်ပေမယ့် ဘာမှမပြောရဲတော့ပေ၊သူ့ကို စောင့်ရှောက်ပေးမဲ့သူသုံးယောက်ပါပေမယ့် ထိုသက်တော်စောင့်သုံးယောက်လုံးဟာ ထျန်းယန်ချင့်ကို မနိုင်ပေ၊

"စီနီယာထျန်းက လူကြီးလူကောင်းဆန်လိုက်တာ" ကျင့်ကြံသူအမျိုးသမီးငယ်လေးတွေနဲ့အိုမီဂါတချို့ဟာ ထျန်းယန်ချင့်ကို လှမ်းကြည့်ရင်းပြောနေတော့သည်၊

"စီနီယာထျန်းက တွဲဖက်လည်းမရွေးချယ်ရသေးသလို အန်းရှကောင်းကင်ဂိုဏ်းချုပ်ရဲ့မျှော်လင့်ချက်လေ၊သူ့ကို ဂိုဏ်းချုပ်က အနာဂတ်ဂိုဏ်းချုပ်အလောင်းအလျာနေရာ ရွေးချယ်ထားတယ်လို့ ပြောကြတယ်"

"စီနီယာရီကလည်း စီနီယာထျန်းလို တော်ပြီး သူတို့နှစ်ယောက်လုံးက ဆက်ဆံရေးကောင်းကြတယ်ပြောတယ်" တစ်ယောက်တစ်မျိုး ပြောနေကျတဲ့သူတွေစကားကို ကျန်းဝေရှီနားထောင်ရင်း ထျန်းယန်ချင့်ကို လှမ်းကြည့်လိုက်သည်၊

ထျန်းယန်ချင့်ဟာ အမှောင်ထဲမှာတောင် လင်းလင်တောက်ပနေတဲ့လူမျိုးပင်၊တစ်ချိန်တုန်းက ထျန်းယန်ချင့် သတိထားမိအောင် ကြိုးစားဖူးပေမယ့် ထျန်းယန်ချင့်ဟာ ထိုလိုကိစ္စတွေမှာ စိတ်မဝင်စားဘဲ သိုင်းပညာကိုတောင် တဖြောင့်တမတ်လေ့ကျင့်တဲ့လူမျိုးဆိုတာ သိလိုက်ပြီးနောက်မှာ ကျန်းဝေရှီလက်လျော့လိုက်ခြင်းဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now