Chapter-106

2.5K 264 20
                                    

Zawgyi

ကောင်းကင်မှာ နီညိုရောင်သန်းလာချိန်မှာ မင်ထျန်းလော့တို့ဟာ သီးသန့်မြို့တော်ကြီးရဲ့ဂိတ်ကိုလှမ်းမြင်လာတော့သည်၊မြို့ဂိတ်မရောက်ခင်မှာပင် များစွာသော လှည်းယာဉ်တွေနဲ့စီးတော်သားရဲတွေကိုမြင်တွေ့နေရတော့သည်၊

"သီးသန့်မြို့တော်တောင် ရောက်ပြီပဲ..." ဟုန်ရန်ကပြောလိုက်ပြီးနောက်မှာ သူတို့ဟာ ဂိတ်အပေါက်ဝမှာ စီတန်းနေတဲ့လူအုပ်ကြီးကြားဝင်သွားတော့သည်၊မင်ထျန်းလော့လည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း အနည်းငယ်တော့ အံ့အားသင့်သွားတာအမှန်ပေ၊အများစုဟာ ဒီချူံးအဆင့်ကျင့်ကြံသူများဖြစ်ပြီး အနိမ့်ဆုံးကျင့်ကြံသူကပင် ဒီချုံးအလွှာသုံးမှာ ရှိနေသည်၊

သီးသန့်မြို့တော်က အတော်ကိုဆန်းကျယ်တာမဲ့ပုံပဲ၊ ထို့နောက်မှာတော့ အော်ဟစ်သံတွေ ကြားလာရတာကြောင့် သူတို့လည်း လှမ်းကြည့်လိုက်တော့ အဆင့်(ငါး)သားရဲကိုမောင်းနှင်လာတဲ့ယာဉ်ကိုမြင်လိုက်ရတော့သည်၊

ထိုချိန်မှာပဲ အခြားသူတွေက အမြန်ရှောင်လိုက်ပေမယ့် ကလေးမလေးနဲ့အမျိုးသမီးတစ်ဦးကတော့ ကြောက်လန့်တကြားကြည့်နေတော့သည်၊ဟုန်ရန်ဟာ ချက်ချင်းပြေးသွားပြီး ကလေးနဲ့မိခင်ကို ဆွဲလိုက်ပေမယ့် နောက်ကျသွားမှန်းသိနေတော့ က​လေးနဲ့မိခင်ကို သူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးလိုက်သည်၊

ဒါပြင် သားရဲထိန်းကျောင်းသူကလည်း အရှိန်ကို တစ်စက်မှ မလျော့ပဲ မောင်းနေပြီး ဟုန်ရန်တို့ကိုပါ အလေးမထားပဲ သားရဲကိုပင် အရှိန်တင်လိုက်သေးသည်၊

ဒါကြောင့် မင်ထျန်းလော့လည်း မျက်မှောင်ကြုတ်လိုက်ပြီး ထိုနေရာကို အရှိန်မြှင့်တင်လိုက်ပြီး သားရဲကို လက်သီးနဲ့ထိုးချလိုက်တော့သည်၊သားရဲရဲ့နာကျင်တဲ့အော်သံနဲ့ကြီးနဲ့အတူ သားရဲထိန်းသူလည်း မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်၊

လှည်းကလည်း ရပ်တန့်သွားပြီး ဘေးကို ချော်ကျကာ မှောက်သွားပေမယ့် အရိပ်တစ်ရိပ်ထွက်လာတော့သည်၊

ဆံပင်ရွှေအိုရောင်နဲ့လူငယ်လေးဟာ ရွှေအိုရောင်ဆံပင်နဲ့မိန်းကလေးကို ပွေ့ချီထားရင်း ထွက်လာကာ အပြင်ဘက်ကအခြေအနေကိုကြည့်လိုက်သည်၊သူဟာ တစ်ချက်ကြည့်ရုံနဲ့ နားလည်သွားတာကြောင့် ချက်ချင်း မင်ထျန်းလော့နားကိုသွားပြီး

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now