Chapter-95

1.8K 334 2
                                    

Zawgyi

ဝမ်ဖေးရန်တို့အဖွဲ့တို့အဖွဲ့အပြင် အခြားအဖွဲ့ခြောက်ဖွဲ့လည်း ရှိနေသေးသည်၊ဒါက နောက်ဆုံးအသုတ်ဖြစ်တာကြောင့် အကြီးအကဲဟာ ကျန်တဲ့အဖွဲ့တွေကိုပါ တိုက်ခိုက်ခိုင်းလိုက်ခြင်းဖြစ်သည်၊

လော့ထိုက်ရီတို့အဖွဲ့ထဲက ယောက်ျားတစ်ယောက်ဟာ ရှေ့ကိုထွက်လာပြီး ကျန်တဲ့အဖွဲ့တွေကို ကြည့်လိုက်ပြီး ဝမ်ဖေးရန်တို့အဖွဲ့ကို လက်ညှိုးထိုးလိုက်ပြီး ကျယ်လောင်စွာပြောလာတော့သည်၊

"မင်းတို့သာ ဒီအဖွဲ့ကလူတွေကို ထုတ်ဖို့ ပူပေါင်းတိုက်ခိုက်ပေးမယ်ဆိုရင် ငါတို့အန်းမြို့တော်ကြီးက မင်းတို့ကိုကျေးဇူးတင်ရုံမကဘူး ငါ့အဖေမှော်ဆေးဆရာအဖွဲ့အစည်းကလည်း လက်ဆောင်တွေပေးအုံးမယ်"

ထိုယောက်ျားရဲ့စကားကြောင့် ကျန်တဲ့အဖွဲ့တွေရဲ့မျက်လုံးများဟာ တောက်ပသွားတော့သည်၊အန်းမြို့တော်ကြီးဟာ ကောင်းကင်အင်ပါယာထဲမှာ အဆင့်(3)နေရာချိတ်ဆွဲထားတဲ့မြို့တော်ဖြစ်ပြီး ထိုမြို့တော်နဲ့သာ စီးပွားရေးပူးတွဲလုပ်နိုင်ရင် သူတို့မြို့အတွက် အကျိုးရှိစေသည်၊ကျန်တဲ့သူတွေသာ ထိုလိုလာကမ်းလှမ်းရင် ရူးနေမည်ဟု လှောင်ရယ်ကြမည်ဆိုသော်လည်း လက်ရှိအဖွဲ့ဟာ အန်းမြို့တော်ကို ကိုယ်စားပြုနိုင်သည်။နောက်ပြီးတော့ အန်းမြို့တော်ကို ကိုယ်စားပြုတဲ့သိုင်းကျင့်ကြံတဲ့သူတွေထဲက တစ်ယောက်ဟာ အန်းမြို့တော်ကြီးရဲမှော်ဆေးဆရာအဖွဲ့အစည်းက မှော်ဆေးဆရာတစ်ဦးရဲ့သားဖြစ်သည်၊ဆေးလုံးတွေဆိုတာ သိုင်းကျင့်ကြံသူတွေအတွက် တပ်မက်စရာကိုး၊

ဒါကြောင့် တစ်ဖွဲ့ကစတင် လက်ခံသည်နဲ့ကျန်တဲ့အဖွဲ့တွေဟာလည်း လက်ခံလာတော့သည်၊လော့ထိုက်ရီဟာ ပွဲကြည့်တဲ့နေရာမှာ အဖြစ်အပျက်ကိုကြည့်ရင်း ကျယ်လောင်စွာရယ်မောလာတော့သည်၊တျန်းဟွမ်လန်ကတော့ မျက်မှောင်ကြုတ်သွားကာ ဒေါသထွက်သွားပေမယ့် သူဟာ ဘာအမူအရာမှ ဆက်မပြသတော့ပေ၊

ဝမ်ဖေးရန်တို့ဟာ သူတို့ကို ကျန်တဲ့အဖွဲ့ခြောက်ဖွဲ့ဝန်းရံလာသည်ကို မြင်လိုက်တော့ နူတ်ခမ်းများဟာ ပြုံးသွားတော့သည်၊မင်ထျန်းလော့ဟာ အပျင်းကြောဆွဲလိုက်ပြီးနောက်မှာ သူဟာ ကျန်တဲ့သူတွေကို ကြည့်လိုက်ပြီး ပြောလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now