Chapter -92

1.9K 330 2
                                    

Zawgyi

တိုက်ခိုက်ရေးကွင်းထဲမှာ လူတိုင်းကို အံ့အားသင့်စေနိုင်တဲ့သိုင်းဝိညာဉ်နှစ်ခုရှိနေတော့သည်၊ဖီးနစ်အဖိုဆိုတာ တကယ့်ကိုရှားပါးလှတဲ့သိုင်းဝိညာဉ်အမျိုးအစားဖြစ်သလို တစ်ဖက်မှာလည်း နဂါးသိုင်းဝိညာဉ်ဖြစ်နေပြန်သည်၊

"ဒီသိုင်းဝိညာဉ်က ဘာလဲဟ... " ငယ်ရွယ်သောကျင့်ကြံသူတွေဟာ မင်ထျန်းလော့ရဲ့သိုင်းဝိညာဉ်ကို မမြင်ဖူးကျပေမယ့် နဂါးသိုင်းဝိညာဉ်ပါရှိသူတွေဟာ ပါရမီရှင်များသာ၊ဒါကြောင့် အထင်တော့ မသေးရဲပေ၊ဒါအပြင် သူတို့ကအကောင်းဆုံးသော တိုက်ပွဲကို ကြည့်ရတော့မည်မလား၊

လန့်လျန်ထိုဟာ အင်ပါယာမြို့တော်ရဲ့ပါရမီရှင်ငါးဦးထဲက တစ်ဦးဖြစ်ရုံသာမက ရှေးဟောင်းနယ်မြေရဲ့ နေသူရဲကောင်းအဆင့် အယောက်တစ်ရာထဲမှာ အဆင့်(၉၈)မှာ တည်ရှိနေတဲ့သူလည်းဖြစ်သည်၊ဒါတောင် လန့်လျန်ထိုဟာ သိုသိုသိပ်သိပ်နေသူဖြစ်တာကြောင့် သူရဲ့စွမ်းအားကို မည်မျှရှိသလဲ ဘယ်သူကမှ မခန့်မှန်းနိုင်ကြပေ၊ကောလဟာလအရဆိုရင် နေသူရဲကောင်းအဆင့်(၃၀)အတွင်း ဝင်ရောက်နိုင်သည့်အထိ အင်အားကြီးလှသည်ဟု သိရသည်၊ဘာပဲဖြစ်ဖြစ် လန့်လျန်ထိုဟာ အဆင့်(၉၈)မှာ ရပ်တည်နေတာ ကြာနေခဲ့ပြီး ဘယ်သူကမှ အဲ့အဆင့်ကနေ မကျော်ဖြတ်နိုင်ကြပေ၊ဘာကြောင့်လဲဆိုတော့ လန့်လျန်ထိုကို မနိုင်ကျတာကြောင့်ဖြစ်သည်၊

လန့်လျန်ထိုဟာ မင်ထျန်းလော့ရဲ့သိုင်းဝိညာဉ်အော်ရာကြောင့် ပြုံးသွားတော့သည်၊တစ်ဖက်က အင်အားနည်းနေရင် သူရဲ့တိုက်ခိုက်ချင်စိတ်ဟာ ကုန်ဆုံးသွားလိမ့်မယ်၊ဒါပေမယ့် တစ်ဖက်က သိုင်းဝိညာဉ်အော်ရာဟာ သူရဲ့သိုင်းဝိညာဉ်ကိုတောင် ဖိနှိပ်ထားနိုင်သည်ကို မြင်တော့ သူရဲ့နှလုံးသားထဲမှာ မီးစတစ်စဟာ စတင်လောင်ကျွမ်းနေတော့သည်၊

ပြင်းပြတဲ့တိုက်ခိုက်ချင်တဲ့စိတ်ဆန္ဒမီးပင်၊

"မင်းက မဆိုးဘူးပဲ" လန့်လျန်ထိုဟာ ပြုံးလိုက်ပြီးနောက်မှာ သူရဲ့ဓားကို အဆင်သင့်ပြင်လိုက်သည်၊ပါးလွှာသောဓားဟာ အလင်းအောက်မှာ တဖျတ်ဖျတ်တောက်နေတော့သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now