Chapter -85.1

2.4K 411 1
                                    

Zawgyi

"သူတို့ကို မောင်းထုတ်စရာမလိုဘူး"

သခင်လေးယွီဟာပြောရင်း သူရဲ့အကြည့်တွေဟာ ချင်းရှောင်လီဆီရောက်သွားတော့သည်၊နောက်တော့ ဝေမေ့ဘေးနားမှာရပ်နေတဲ့ပိုင်ချင်းဝမ်နားရောက်သွားကာ သူ့မျက်ဝန်းများဟာ အရောင်လဲ့သွားတော့သည်၊

အိုမီဂါတွေဟာ အမျိုးသမီးတွေထက် ရှားပါးတဲ့အပြင် ကျင့်ကြံနိုင်တဲ့အိုမီဂါဆို ရတနာလိုတောင် ရှားပါးသေးသည်၊နေရာတစ်နေရာတည်းမှာ အိုမီဂါကျင့်ကြံသူနှစ်ဦးကို မြင်တော့ သခင်လေးယွီရဲ့မျက်ဝန်းဟာလောဘကြောင့် အရောင်လက်နေတော့သည်၊

"မင်းတို့ ယွီအဖွဲ့အစည်းကို စော်ကားထားတဲ့အတွက် ဒီနှစ်ယောက်က ငါနဲ့လိုက်ခဲ့ရမယ်"

သခင်လေးယွီဟာ ချင်းရှောင်လီနဲ့ပိုင်ချင်းဝမ်ကို လက်ညိုးထိုးရင်း ပြောလိုက်သည်၊သူ့စိတ်ထဲမှာလည်း သူသာ ပင်မအိမ်တော်(ယွီအဖွဲ့အစည်းရဲ့အဓိကအိမ်တော်)က သခင်လေးကို အိုမိဂါနှစ်ယောက်ဆက်သနိုင်ခဲ့ရင် သူရဲ့နေရာသည်လည်း ပိုမိုမြင့်မားလာလိမ့်မည်။

"မင်း!" ချင်းရှောင်လီဟာ ဒေါသထွက်သွားပေမယ့် သူဟာ ကြောက်လန့်တုန်လှုပ်သွားတာကြောင့် ခန်ရှန်းနောက်တွင် ပုန်းကွယ်လိုက်သည်၊

ပိုင်ချင်းဝမ်ကတော့ အလေးမထားသည့်အမူအရာဖြင့်ကာ ဝေမေ့ဘေးနားရပ်နေပြီး သူဟာ တစ်ချက်တောင် ကြောက်လန့်သွားခြင်းမရှိပေ၊

ဘာကြောင့်လဲဆိုတော့ ဝေမေ့အမူအကျင့်ကနေတစ်ဆင့် သူဟာ ရီယွမ်ရှန့်တို့ကို ယုံကြည်တာလည်းပါသည်၊

"မင်းတို့နှစ်ယောက်တည်းက တစ်ယောက်ကတော့ ငါနဲ့လိုက်ကိုလိုက်ရမယ်" သခင်လေးယွီစကားကြောင့် ချင်းရှောင်လီဟာ နူတ်ခမ်းများ ပြုံးသွားကာ သူဟာ ပိုင်ချင်းဝမ်ကို ကြည့်လိုက်ပြီး

"ဟဲ့ မင်းလိုက်သွား " လို့ အမိန့်ပေးကာ စေခိုင်းလာတော့သည်၊ပိုင်ချင်းဝမ်ရဲ့အကြည့်တွေဟာ ချင်းရှောင်လီဆီ ရောက်မလာပဲ ခန်ရှန်းဆီရောက်နေကာ

"ခန်ရှန်း ခင်ဗျားရော ဘယ်လိုထင်လဲ"မေးလာတော့သည်၊ခန်ရှန်းဟာ ပါးစပ်လှုပ်ခတ်သွားပြီး ဖြေလိုက်ဖို့လုပ်ပေမယ့် ချင်းရှောင်လီဟာ ခန်ရှန်းလက်မောင်းကို ဖက်တွယ်ကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့! (Vol-2)Where stories live. Discover now