part-2

5K 244 5
                                    

daddy ရဲ့ baby ဂျစ်တူး

{ part -2 }

" သား ကြီး ဇုန် "

" ဟုတ် ...အမေ "

တုနှိုင်းဇုန် ဒီနေ့လက်ထပ်ရမဲ့ သတို့သားလောင်းကို
သွားတွေ့ရမည့်နေ့ဖြစ်သည်။
သတို့သားလောင်းက အသက်ငယ်ငယ်
ဂျစ်ကန်ကန် နိုင်တယ်လို့တော့ သူကြားဖူးသည်။
သတို့သားလောင်း အကြိုက်က ခေတ်ဆန်ဆန်
အနောက်တိုင်းဝတ်စား ဆင်ရင်ပုံ ဖြစ်ဖို့ များသော်လဲ ...သတို့သားလောင်း အိမ် မှာ
တွေ့ရမည့်အတွက်မ်ိဘတွေရှိနေမှာကြိမ်းသေ၏။
ထို့ အတွက်ကြောင့် အင်္ကျီ အဖြူရောင် လက်ရှည်
နဲ့ အစိမ်းဖျော့ဖျော့လေး သန်းနေတဲ့ ပုဆိုးကိုသာ
ရွေးဝတ်ထားမိသည်။

မြန်မာယဉ်ကျေးမှု့ အဝတ်အစားဝတ်ဆင်ထားသော်
လဲ ခေတ်နေထိုင်မှု့ ပုံစံလို့ ကပ်ကပ်ရပ်ရပ် လေး
ဖြစ်နေ၍ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကို
ထင်ထင်ရှားရှားပေါ်လွင်နေ၏။

သတို့သား ကောင်လေးကို သွားတွေ့ဖို့ ပြင်ဆင်
နေတဲ့ သားကြီး အခန်းထဲ ဒေါ်သန်းအေး
အပြုံးဖြင့် ဝင်ရောက် သွား ၍ သန့်ပြန့်ကာ
ချောမော နေတဲ့ သား ပုံစံကြောင့် သူ( မ)
အပြုံး ပိုမို လှပ သွားလေသည်။

" အမေ ကိစ္စ ရှိလို့လား? "

" အင် ...သား အခုသား သွားတွေ့မဲ့ ကောင်လေးက
ခတ်ဆိုးဆိုး ကောင်လေးလို့ အမေ ကြားတယ် "

အမေ အပြောကြောင့် ဇုန် ပြုံးလိုက်သည်။

" ဟုတ် ...သားလဲ ကြားတယ်အမေ ...သူက
အသက်လဲ တော်တော်လေးငယ်သေးတယ်
20 တောင် ပြည့်ဖို့ လိုသေးတယ်တဲ့ "

" အဟက် ,,ဒါဆို သားက အလျော့ပေးရမယ်နော် "

" သားသိပါတယ် အမေ ...စိတ်ချ ...အမေ သားကြောင့်
မျက်နှာ မပျက်စေရဘူး ...စိတ်မပူပါနဲ့ "

" အမေ သားကို စိတ်ချပါတယ် ...မနေ့ညက ကောင်လေး
ရဲ့ အဒေါ် ဖုန်းဆက်တယ် ...ကောင်လေးက သားကို
အသက်ကြီးကြီး ပါးရည် တွန့်တွန့် ဘိုးတော်ကြီး
ထင်ပြီး မယူခြင်လို့ တစ်အိမ်လုံး တောင်းကြမ်း
နေတယ်တဲ့ ...ကောင်လေး အဖေ ကိုသွင်သံက
သား ကိုမယူရင် သားအဖ သံယောဇဉ် အပြတ် ဘာညာ
ချိမ်းခြောက် မှ လက်ထပ်ဖို့ ကိစ္စကို သဘော
တူတယ် ဆိုဘဲ "

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now